Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********

Join the forum, it's quick and easy

Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********
Log in

I forgot my password

Latest topics
» Eternion/Wowwal repack 3.3.5a – TrinityCore
ကဗျာ I_icon_minitimeTue Jan 17, 2017 5:58 am by janpara

» SolidWoW BlizzLike 4.0.6-4.3.0 Repack stable UPDATED
ကဗျာ I_icon_minitimeThu Apr 10, 2014 5:39 pm by ycabrerag

» JZY’s Trinity Blizzlike Repack 3.35a (updated)
ကဗျာ I_icon_minitimeSun Dec 01, 2013 8:38 am by Bottscan

» Hello Everyone Well
ကဗျာ I_icon_minitimeThu Jun 27, 2013 12:56 pm by 

» ညီမလေး ဖတ်ဖို့
ကဗျာ I_icon_minitimeThu Jun 13, 2013 6:27 am by 

Country Codes

Timer

Total
  • >

/>

Test

Current date/time is Fri Mar 29, 2024 1:41 pm

ကဗျာ

  • Topics
  • 20120615
    ကျွန်တော်…………………………………….
    ဒီည……………………………………………
    တစ်ခြမ်းပဲ့ လမင်းလေးနဲ့ စကားပြောနေတယ်..၊
    အရိပ်ကျတဲ့ အနာဂတ်ထဲကို အဝင်
    လူကို ဟိုထင် ဒီထင်နဲ့…၊
    ကျွန်တော် မျက်စိတစ်ဆုံးမြင်ရတဲ့
    ဟိုးးးးးးးးးက ကောင်းကင်
    သူမဆင်တဲ့ ဝင်္ကပါလောက်မကျယ်ဘူး..။။

    ဒုက္ခဆိုတဲ့ သနပ်ခါးကို လိမ်းခြယ်
    စင်္ကြာဝဠာ အလည်က ပိုးစုန်းကြူးရဲ့အလင်းနဲ့
    စာတစ်စောင် ရေးခဲ့တယ်..၊
    ဘယ်သူဖတ်ဖတ် မဖတ်ဖတ်..
    (အခု……………………….)
    ဒီစာကို တစ်စုံတစ်ယောက်ဖတ်နေတယ်..။။

    ပြောင်မြောက်လွန်းတဲ့ ပြကွက်တစ်ခု
    အိပ်မက်ထဲမှာလည်း တစ်ဝက်တစ်ပျက်နဲ့
    ဒီမိန်းကလေး ရက်ရက်စက်စက်လှတယ်…၊
    မျက်လုံးဖွင့်ပြီး...

    by  - Comments: 0 - Views: 516
  • 20120615
    ကွယ်ရာတစ်ဖက်ကမ်းမှာမှ အတောက်ပဆုံးလင်းလက်ချင်သူ
    နှလုံးသွေးစီးဆင်းတဲ့ တေးသီချင်းတစ်ပုဒ်
    မင်းအတွက် လက်ဆောင်ယူလာပါတယ်…၊
    ရံဖန်ရံခါဆိုတဲ့ လှည့်စားမှုတစ်ခုလည်းပါတယ်…၊
    (မေးပါရစေ…)
    ဘယ်မှတ်တိုင်ကစီးမှ မင်းနှလုံးသားကို တိုက်ရိုက်ရောက်မှာလဲ…?၊
    သံယောဇဉ်နဲ့ မေတ္တာ လဲလှယ်တဲ့နေရာမှာ
    (မဆိုင်တဲ့သူဆိုရင်…ထွက်သွား.)
    ပွဲစားတွေ မလိုဘူး…..။။ ။။

    by  - Comments: 0 - Views: 509
  • 20120615
    ကြယ်ကြွေညတစ်ခုရဲ့ အစဦးဆုံးအပိုဒ်
    နားလည်မှုလွဲတဲ့ စရိုက်တွေနဲ့ အစာသွတ်ထားတယ်၊
    ရေးညွှန်းဖွဲ့သီခြင်း မဟုတ်တဲ့စကားလုံးတွေ
    မကြားချင်ပေမယ့် နားဆင်ပေးလိုက်ပါသေးတယ်။။။

    ဆိုလိုရင်းတွေ ကျပျောက်ကုန်တာနဲ့ပဲ
    အလင်းမရှိတဲ့ ဝင်ရိုးစွန်းကို ရောက်ရတယ်၊
    တကယ်တော့ မေတ္တာတရားဆိုတာ
    ဆန္ဒမပါတဲ့ ဒဏ်ရာအတွက်
    ကိုယ့်အတ္တ ကိုယ်တူးရုံလောက်ပဲ နက်ခဲ့တာပါ..။။။

    တံခါးခေါက်တိုင်း ထွက်မကြည့်ခဲ့ပါဘူး
    ရင်ဘတ်အရူးမို့ အထူးတလည် မိတ်ဆက်
    ကျွန်တော့်မျက်လုံးတွေ စကားမပြောတတ်ဘူး။။။

    နေ့ကောင်းရက်သားရွေးပြီး တောင်းပန်ချင်တာပါ
    (ဒါပေမယ့်)
    ဟော့ဒီ့ကောင်ရဲ့ ကောင်းကင်မှာ...

    by  - Comments: 0 - Views: 549
  • 20120615
    စိတ်ကူးလွန် အိပ်မက်တွေကြောင့်
    တရေးနိုးဖို့ အတွက် ဖန်ဆင်းတတ်လာ..၊
    လွင့်မျောနေတိုင်းလည်း တိမ်မဟုတ်တဲ့ဘဝ၊
    တည်ချက်မဲ့တဲ့ အနာဂတ်ကောင်းကင်မှာ
    မျှော်လင့်ချက် တစ်ချို့
    လေနှင်ရာပဲ လွင့်နေပါတယ်…..။

    တိတ်တဆိတ်ဆွဲတဲ့ အလွမ်းသင့်ပန်းချီ
    ဘယ်ရာစုနှစ်တွေအထိ ရှင်သန်နေမှာလဲ…၊
    မဝံမရဲ့နဲ့ အားယူပြီးကြည့်ပေမယ့်
    ဖရိုဖရဲ ပြကွက်တွေကြောင့်
    တမင်သက်သက်ပဲ မျက်စေ့မှောက်ခဲ့တယ်…၊
    အသည်းကွဲဇာတ်တွေကလည်း ကလို့ကောင်းတုန်း….။ ။

    by  - Comments: 0 - Views: 469
  • 20120615
    အပြောင်းအလဲလေး တစ်ခုနဲ့ အကြုံ
    သက်ပြင်းကို ခပ်ပြင်းပြင်းလေးချမိခဲ့တယ်….၊
    ဟိုဘက်တစ်ခေါက် ဒီဘက်တစ်ခေါက်
    လမ်းလျောက်…………………………………..၊
    (တောက်…)
    ကျွန်တော် လွတ်သွားတဲ့ ငါး
    ကြီးလွန်းတယ်ဗျာ…။ ။

    by  - Comments: 0 - Views: 476
  • 20120615
    မျက်လုံးအစုံက ကြွေကျတဲ့(…..xxx…..)၊
    (ဟုတ်တယ်…)
    အသင် ကျွန်ုပ် ကို ဖမ်းစားတယ်…။
    အယစ်မူးဆုံး နှုတ်ခမ်းတွေကြောင့်
    မတွေမဝေပဲနဲ့ အခါခါလမ်းမှား…
    (ကျွန်တော်…ဟာ…)
    ရင်ခွင်ပျောက်တဲ့ ခရီးသွားပါ..။

    ရှေံတိုးမလား…?၊နောက်ဆုတ်သင့်လား…?၊
    ဆုံးဖြတ်ချက်မှားတို့ ကျွန်တော်ကို ရန်ရှာတယ်
    သမရိုးကျ နည်းတွေထဲကထက်
    ကျွန်တော် နည်းနည်းလေးအပြင်ထွက်ပြောမယ်..၊
    (တကယ်တော့…)
    လွယ်လွယ်ပြောမထွက်ခဲ့တာ
    (ချစ်တယ်)
    အပြောချင်ဆုံး မင်းအတွက်စကားပါ.။

    လူမသိသူမသိ
    ကျွန်တော့ရင်ဘတ်မှာ
    ပဲ့တင်သံတွေထပ်နေရတာ…၊
    တစ်နေဝင်လို့ တစ်နေညိုတိုင်း
    ကျွန်တော့နှလုံးသားလေး...

    by  - Comments: 0 - Views: 528
  • 20120615
    ကိုယ့်အထုပ် ကိုယ့်အပိုး ကိုယ့်ဘာသာဆွဲ
    (ကဲ…………..)
    ငါတို့တွဲလက်တွေ ဖြုတ်ချိန်တန်ခဲ့ပြီ…။

    လမ်းခွဲစကား ဆိုရအောင်လည်း
    ငါတို့ရဲ့ ပက်သက်မှုက မဆိုသလောက်၊
    (ဒါပေမယ့်…)
    ငါ့အတွက် ကြီးကျယ်လွန်းခဲ့တာကနင်
    ဒီရင်ခွင်……..ဒီနှလုံးသား
    အားလုံး နင့်အရှေ့ အခစားဝင်ဖို့အသင့်
    (နောက်ဆုံးအနေနဲ့ပါ…)
    ငါနင့်ကို သတိရခွင့်ပြုပါ……။

    ငါ့ရင်ဘတ်နဲ့ ပက်သက်တဲ့ အက္ခရာ
    နင့် နာမည်လေး အရာထင်ကျန်ရစ်
    ရင်နင့်အောင်မွှေးတဲ့ ပန်းကလေးတစ်ပွင့်
    နင်ကိုယ်တိုင်ပျိုး နင်ကိုယ်တိုင်ထိုး
    နင်ကိုယ်တိုင်ချိုး နင်ကိုယ်တိုင်ငြှိုးစေခဲ့..၊
    နင့်အတွက် သက်သေမရှိတဲ့ အချစ်တစ်ခု

    by  - Comments: 0 - Views: 493
  • 20120615
    တိမ်တွေဖုံးတဲ့ ကောင်းကင်ထက်မှာ
    ဘယ်အတွက်ကြောင့် ကြယ်တွေပျော်ခဲ့ကြတာလဲ၊
    သာသာယာယာ ဆိုတဲ့ ဝေါဟာရက
    ငါ့အတွက် ပြသနာတွေသယ်ဆောင်လာ…
    (သြော်………………………….)
    ငါ့ကမ္ဘာဆိုတာ ဗလာနတ္ထိပါလား….။

    by  - Comments: 0 - Views: 497
  • 20120615
    အပြောင်းအလဲလေး တစ်ခုနဲ့ပါ
    တစ်ခါတစ်လေလည်း တလွဲတွေက….
    များတယ်…………၊
    အဓိပါယ်လေးက ယာယီတဲ့လေ…..။

    အတည်တကျ မဟုတ်ခဲ့တာတောင်မှ
    ငါ့အသည်းက မင်းကိုရယ်ပြနေခဲ့ဖူးတယ်…
    တလွဲမာနတွေပဲဖူးတဲ့ သစ်ပင်မှာ
    ငါကလဲ မာယာတွေပဲရွေးခူးတဲ့ကောင်…
    ညီညာခဲ့ဖူးတဲ့ နှလုံးသားလွင်ပြင်မှာ
    မေတ္တာတွေစီးဆင်းပြီး သံယောဇဉ်တွေပဲ
    အမြစ်တွယ်စေခဲ့တာ….၊
    နင်ဆိုတဲ့ ပန်းကလေးတစ်ပွင့်က
    အလေ့ကျ လာပေါက်နေတယ်လေ…။

    ကြုံသလို အညံ့ခံတတ်တဲ့
    အဖြည့်ခံ ငါ့နှလုံးသား…
    မုသားဆိုတာ ဘာမှန်းမသိပေမယ့်
    ခါးသက်သက် အရောင်ဆိုးမှုတွေ ခံရ…..၊
    အညတရ အချစ်ရဲ့တန်ဖိုးကို
    ဘယ်လို… အဖိုးဖြတ်ဦးမှာလဲ…?၊

    by  - Comments: 0 - Views: 454
  • 20120615
    လက်ခံတဲ့ လက္ခဏာတွေအတွက်
    မနက်ဖြန်အတွက် သက်သာရာရခဲ့ပေမယ့်
    တစ်ရာမကတဲ့ လက်ကျန်ရက်တွေမှာတော့
    ဆက်ရန်မဲ့ခဲ့ပြီပေါ့ ခင်ရေ…။

    ချစ်ရသူအတွက် ရည်စူးလို့ပေါ့
    စေတီဦးမှာ တောင်းဆုခြွေလိုက်တယ်..၊
    ကောင်းမှုတွေရဲ့ အကျိုးများ
    ခင်ခံစားရမယ် ထင်လို့လေ..။

    မပြီးဆုံးသေးတဲ့ သံသရာမှာ
    ဘဝတွေခြားနေလို့
    အနီးဆုံးနဲ့ ပြန်လာကာ
    ငါ့အနားရှိစေဖို့
    အခုနေဝေးကြရတာ
    အားတင်းထားပေါ့..။

    ခင်မသိတော့တဲ့ ဘဝမှာ
    ခင်မသိတော့တဲ့ ခဏမို့
    အလှတစ်ချို့ အသစ်ရှာကာ
    ဒီဘဝအဖို့ ချစ်နေတာကိုတော့
    (ချစ်သူ…..)
    နင်ခွင့်လွှတ်တော့….။ ။

    by  - Comments: 0 - Views: 422
  • 20120615
    စိတ်ကူးနဲ့ ရူးခဲ့တာတောင်မှ
    ရနံ့မပါပဲ ပွင့်တဲ့ပန်း…
    ယုယုယယ ထိုးစိုက်ခဲ့ပေမယ့်
    ရွက်ဝါတွေသန်းလို့တောင်
    အလွမ်းမပြေနိုင်ခဲ့ဘူးဗျာ…..။

    တားဆီးမရတဲ့ ဝေဒနာ…
    ထပ်ကာထပ်ကာသူပေးလို့
    သေရာပါအောင် လုပ်ရက်တယ်…
    မနက်ဖြန်တိုင်းမှာ အလွမ်းပြေချင်တာက
    ကျွန်တော့် နှလုံးသားရဲ့
    ညည်းညူသံတွေလေဗျာ….၊
    တစ်ခါတစ်ခါ သူကြားနိုင်ဖို့ မျှော်လင့်မိရဲ့…။

    မီးစုံဖွင့် အခမ်းအနား တစ်ခုမှာ
    ရင်ကွဲပက်လက်ရဲ့ တွန်ကျူးသံပေါ့ဗျာ..၊
    ရင်နာတယ်ဆိုတော့မှ ကြည်လိုက်မိတယ်
    ဘယ်လောက်တောင်မှလဲဆိုရင်…
    ကျွန်တော့် နှလုံးသားမှာ
    ဆူးပန်းတွေပွင့်မှပဲ
    ကျွန်တော် ရူးမှန်းသိတယ်…။

    by  - Comments: 0 - Views: 478
  • 20120615
    မမုန်းချင်တဲ့ အစွဲအလမ်းက တမ်းတ
    တို့နှစ်ယောက်ရဲ့ မှတ်တမ်းလေးက
    ခိုင်ကျာင်းသူ ကျွန်တော်ကျောင်းသား ဘဝကစခဲ့ရတယ်..။

    အမှတ်တမဲ့ တွေ့ဆုံမှုမှ အမှတ်တရသို့တိုင်
    ရင်ခုန်သံတွေ တသွင်သွင်စီးကာ ပျော်လို့
    နှလုံးသားလေး တခါးတွန်းဖွင့်ဝင်လာခဲ့သူ…
    မဆုံတဲ့ ဖူးစာဆိုတာရှိခဲ့လို့ပဲ ကျွန်တော်တို့ဝေးရတာပါ..၊
    ကျွန်တော် မဆိုနိုင်တဲ့ ခိုင့်အတွက် နှုတ်ထွက်စကားတစ်ခွန်း
    ရင်ထဲမှာ ထာဝရသိမ်းထားပါရစေ…။

    ကျွန်တော့်ရင်ထဲမှာ ခိုင်ဆိုတဲ့ ကမ္ဗည်းကို
    တိတ်တိတ်ကလေး ခိုးပြီးထိုးလို့
    ကိုယ့်အတွက်မဟုတ်တဲ့ ပန်းတစ်ပွင့်ကို
    ယုယုယယ ပြုစုနေခဲ့မိ…..၊
    ခူးခွင့်မရှိလည်း စူးနစ်စွာချစ်မိတယ်…

    by  - Comments: 0 - Views: 522
  • 20120615
    မကျေနပ်လျှင် ပြန်တိုက်ပါကွယ့်
    ရန်ကြိုက်တဲ့ လေပြေငယ်
    မတန်လိုက်ကွယ့် တေလေရယ်
    နွေအခါ ဘယ်မှာမြူး။

    တောင်ပြိုမည့်လေ သယ်လာကာ
    တကယ်ပါ တိုက်လို့ဖြုံဘူး။

    ကျွန်သာသာ ပညာဥာဏ်နဲ့
    ယှဉ်လာပြန် သူ့ဂုဏ်ထူးကို
    အစာကျယ် ဖော်ကာကျူးလေတော့
    မှုပါဘူး လေပြေရယ်။

    အစဉ်သာလျှင် သင်မနိုင်လို့
    မယှဉ်ပြိုင်ဖို့ မှတ်သင့်တယ်။

    ဘုံအဆင့်တွေနှင့် အမြင့်ဝယ်
    တင့်တယ်တယ် မဆိုဝံပါဘူး
    နဂိုပိုင် ပညာဂုဏ်ရောင်နဲ့
    နေသွေးလို့ပြောင်။

    အသက်သေတောင် မဟာဂုဏ်ဆောင်လို့
    ကမ္ဘာတုန်အောင် ကြွေးကြော်ချင်ပါရဲ့လေး..။ ။

    ...

    by  - Comments: 0 - Views: 466
  • 20120615
    ခိုလှုံခွင့်မရှိခဲ့တဲ့ မှတ်တမ်းတစ်ခုအတွက်
    တစ်ခြမ်းပဲ့ လတစ်စင်းပဲ သာပေးခဲ့တာက
    အနေဝေးတဲ့ ဖြစ်စဉ်တဲ့လား…?
    အမည်မဲ့တဲ့ ခံစားမှုမှာ
    တစ်ရံတစ်ခါ ဆိုတဲ့
    မျှော်လင့်ချက်တွေရှိသေးတယ်လေ..၊
    မနက်ဖြန်ဆိုတဲ့ စကားလုံးတွေက
    အရှုံးမှတ်တိုင် စိုက်ထူဖို့ပါလား…။

    အမှတ်မရှိတဲ့ လေပြေတွေက
    အသားကုန်တိုက်နေတာပဲ…၊
    ဒါပေမယ့် နင် မိုက်သလောက်တော့
    ငါပြန်မ မိုက်ရဲဘူး…၊
    တစ်ဆစ်တည်း ချိုးတဲ့ ခေါက်ရိုးက
    ဘယ်လိုမျိုး ဒဏ်ရာရသွားရတာလဲ..?
    အဖြေမရှိတဲ့ အမေးဆိုလို့
    နင်ပေးတဲ့ ဆေးတစ်ခွက်အတွက်ပဲရှိတာပါ…၊
    နောက်ဆုံးတော့ တို့ရဲ့ အတိတ်ဆိုတာက
    ဖြေဆေးမရှိတဲ့ အဆိပ်တွေလေ…။

    by  - Comments: 0 - Views: 429
  • 20120615
    အကြည့်တစ်ချက်နဲ့ နှုတ်ဆက်ရှာတဲ့
    ရုတ်တရက်မြင်ရ သူ့အလှတွေကြောင့်
    မတွေ့ရလျှင်မှ မနေနိုင်။

    ကမ္ဘာတိုင်
    ပိုင်ဆိုင်လိုစိတ်ပွား။

    ရင်မှာတိုင်တည်ကာ ဆိုစကားရယ်နှင့်
    ချစ်စိတ်ကများ။ ။

    by  - Comments: 0 - Views: 409
 
 

Users browsing this forum: None
Moderators

None

Permissions in this forum:

You cannot post new topics in this forum
You cannot reply to topics in this forum

Legend
  • New posts New posts
  • New posts [ Popular ] New posts [ Popular ]
  • New posts [ Locked ] New posts [ Locked ]
  • No new posts No new posts
  • No new posts [ Popular ] No new posts [ Popular ]
  • No new posts [ Locked ] No new posts [ Locked ]
  • Announcement Announcement
  • Sticky Sticky
  • Global announcement Global announcement