Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********

Join the forum, it's quick and easy

Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********
Idea Motion Group
Would you like to react to this message? Create an account in a few clicks or log in to continue.
Log in

I forgot my password

Latest topics
» Eternion/Wowwal repack 3.3.5a – TrinityCore
15 ရက်နေ့တွင် ဖြစ်ပွားသည်  I_icon_minitimeTue Jan 17, 2017 5:58 am by janpara

» SolidWoW BlizzLike 4.0.6-4.3.0 Repack stable UPDATED
15 ရက်နေ့တွင် ဖြစ်ပွားသည်  I_icon_minitimeThu Apr 10, 2014 5:39 pm by ycabrerag

» JZY’s Trinity Blizzlike Repack 3.35a (updated)
15 ရက်နေ့တွင် ဖြစ်ပွားသည်  I_icon_minitimeSun Dec 01, 2013 8:38 am by Bottscan

» Hello Everyone Well
15 ရက်နေ့တွင် ဖြစ်ပွားသည်  I_icon_minitimeThu Jun 27, 2013 12:56 pm by 

» ညီမလေး ဖတ်ဖို့
15 ရက်နေ့တွင် ဖြစ်ပွားသည်  I_icon_minitimeThu Jun 13, 2013 6:27 am by 

Country Codes

Timer

Total
  • >

/>

Test

15 ရက်နေ့တွင် ဖြစ်ပွားသည်

Go down

20120615

Post 

15 ရက်နေ့တွင် ဖြစ်ပွားသည်  Empty 15 ရက်နေ့တွင် ဖြစ်ပွားသည်




ကုတ်ခြစ်သံထက် လှတဲ့ အညတရ သီချင်းလို
ဂစ်တာတစ်လက် ရင်ခွင်ထဲ ထည့်ပိုက်လို့
မသောက်ချင်ဘဲ မော့တဲ့ ပုလင်းတစ်ချို့
အိပ်ယာဘေးမှာ ပုံ ပွလို့
ရင်ခုန်သံထဲ
ကဗျာတွေကပါ ဆာလောင်လာတော့တဲ့
ဆာလောင်ခြင်းထဲ သူ့ အခန်းလေးဆီ ငေးလို့
မနက်ဖြန်တွေက မှုးတယ် …
ခပ်ညံ့ညံ့ ဖိတ်ကြားထားတဲ့
ခေါင်းလောင်းထိုးသံ ဆန်ဆန် စာတစ်စောင်မှာ
ငါ နာကျင်မှုကို စားရလိမ့်မယ် ဒီ နေ့တဲ့
ခံစားမှု ဆိုတဲ့ ခေါင်းစဉ်ကို ပြောင်ပြောင်မြောက်မြောက်
ရေး ထိုးရမယ့် နေ့ လည်းဖြစ်တယ်
ကဲ ဘယ်သူ့ မျက်ရည်နဲ့ မျက်နှာသစ်ပြီး
ဘယ်သူ့ ရင်ကွဲသံ နဲ့ သွားတိုက်ရပါ့ မလဲ ဆိုတဲ့ စာ
ကောင်းပါရဲ့
စည်း စနစ်မပါတဲ့ အဓိပတိလမ်းပေါ် လက်ချင်းတွဲ
နှင်းရည်ဖွဲဖွဲ ထိုင်ခုံလေးပေါ် နွေးထွေး
ကိုယ်ငွေ့လေး…
ဆံပင်ရှည်တွေကို လက်ညိုးနဲ့ လိမ်ကျစ်
တီတီတာတာ စကားသံလေးရယ်
လွဲချော်မှုတွေထဲမှာ လွဲချော်သွားတဲ့
တစ်ခမ်းတစ်နား ဒဏ်ရာနဲ့ ငါ
က ကွက်လပ်တွေကို ဖာရင်း ထေးရင်း
မပေးဖြစ်ခဲ့တဲ့ ဗူးအနီလေးကို ကောက်ထည့်ပြီး
အငွေ့တစ်လူလူနဲ့ ငါ
အရောက်လာနေပါတယ်ကွာ
သြော် တဲ့ ထောင့်ကျကျ စားပွဲဝိုင်း ဆီ ပြုံးပြတော့
ရွှဲ့တာလား စောင်းတာလား ငါကပဲ ဖောင်းတာလား
အိပ်ယာဝင်သီချင်းတွေနဲ့ကော သာယာတတ်တုန်းလား
တယုတယ သီကုံးထားတဲ့ စံပယ်ပွင့်တွေကော သိမ်းထားခဲ့တုန်းလား
ဒေါ်ကြည် ဘူးသီးကြော်ဆိုင်ထဲ
နှစ်ယောက် ထဲ ကမ္ဘာ
ငါ အကြွေးသွားစားတာတောင် ကြာပေါ့
ပါးမို့မို့လေးကို ခိုးနမ်းလိုက်တဲ့ အင်းလျားရယ်
ချယ်လှယ်လွမ်းမိုး လူတို့ရဲ့ အမိန့်သံတွေအောက်မှာ
သူနဲ့ ငါ ဝေးခဲ့ကြတာ
ဂီတကို မထိခိုက်ဘူးဆိုရင်ပေါ့
လေလွင့်တဲ့ ဆေးတွေသောက်ပြီး နာဖျား မနေခဲ့ဘူးဆိုရင်ပေါ့
မိုးရာသီစာသားတွေ ပြီးဆုံးခဲ့ပြီဆိုရင်…
သက်တန့်လို သံစဉ်တစ်ပုဒ် သူ့ အတွက် စပ်ထားတယ်ဆိုရင်…
ခပ်မြန်မြန် မစီစဉ်ခဲ့ဘူးဆိုရင်…
ဟာ ဘာတွေတွေးနေပါလိမ့်
ဘဝလေး အေးချမ်းဖို့ တကယ်ဆို ဝမ်းသာသင့်တာပေါ့
ထားလိုက်ပါတော့ လေ
ရော့ ငါ မပေးဖြစ်ခဲ့တဲ့ လက်စွပ်လေး
ဝတ်စုံ ဖြူဖြူလေးဆီ လှမ်းပေးမိတော့
မျက်ရည်တစ်စက် စီးကျလာတယ်
ဟာ ဒီလောက် ရုပ်ရှင်မဆန်သင့်ဘူးလေ
ရုပ်ရှင်မဆန်သင့်ဘူး…
ရုပ် ရုပ်ရှင်… မ…
ဖျတ် ကနဲ သူ့လက်ကို ဆုပ်ကိုင်ပြီး မေးလိုက်တယ်
ငါ နဲ့လိုက်မလား တဲ့…
…………………………………..
……………………………………….
ကဒ်
………………………
……………………………
ပြောကြပါဦး ဘာတွေဆက်ဖြစ်သေးလဲ
……………
……………
ဘာတွေဆက်ဖြစ်ကြသေးလဲ
ပြောကြပါဦး
…………
ရုပ်ရှင်ရိုက်နေသည်
ဒါရိုက်တာ စုန်းပြူး ၏ ခွက်ခွက်လန်အောင်ကွဲတဲ့ နှလုံးသား
13 ရက်နေ့ ရုံတင်မည်။
Others
avatar

Join date : 1970-01-01

Back to top Go down

Share this post on: reddit

 
Permissions in this forum:
You cannot reply to topics in this forum