Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********

Join the forum, it's quick and easy

Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********
Log in

I forgot my password

Latest topics
» Eternion/Wowwal repack 3.3.5a – TrinityCore
ကဗျာ I_icon_minitimeTue Jan 17, 2017 5:58 am by janpara

» SolidWoW BlizzLike 4.0.6-4.3.0 Repack stable UPDATED
ကဗျာ I_icon_minitimeThu Apr 10, 2014 5:39 pm by ycabrerag

» JZY’s Trinity Blizzlike Repack 3.35a (updated)
ကဗျာ I_icon_minitimeSun Dec 01, 2013 8:38 am by Bottscan

» Hello Everyone Well
ကဗျာ I_icon_minitimeThu Jun 27, 2013 12:56 pm by 

» ညီမလေး ဖတ်ဖို့
ကဗျာ I_icon_minitimeThu Jun 13, 2013 6:27 am by 

Country Codes

Timer

Total
  • >

/>

Test

Current date/time is Wed May 15, 2024 9:08 am

ကဗျာ

  • Topics
  • 20120615
    နေပူပါတယ်ဆိုမှတော့
    ပူတဲ့အရသာတော့ရှိမှာပေါဗျာ…
    ဘဝဆိုတဲ့ အသိမှာ
    လိမ်ညာလှည့်စားတတ်ကြတယ်..၊
    ဘယ်သူတွေ ဘာပဲပြောပြော……..
    အကောင်းဆုံးကစားသမားက
    ကျွန်တော်မဟုတ်ခဲ့ဘူး….။

    ပင်လယ်ရေတွေကို
    သဘာဝက ငန်ခိုင်းထားထာပါ..၊
    အဲ…….ဒီ…..လို….ပဲ…………
    မုန်တိုင်းနဲ့ ဒီလှိုင်းတွေကိုဖော်ကျူးလာတယ်..၊
    လူဦးရေနည်းတဲ့ ကျွန်တော့်ကမ္ဘာမှာတော့
    ဘယ်သူမှ ပြာပြာယာယာ မရှိကြဘူး..၊
    အဲ့ဒီတုန်းက…….
    မာယာအကတွေနဲ့ အလှဆင်
    သူမရင်မှာ ဆူးပန်းတွေပဲပွင့်တယ်…၊
    တန်သလောက်အခွင့်တွေနဲ့
    ရင်နင့်ခဲ့ရတာပေါ့ဗျာ…..။

    တမာရွက်အပေါ်ကို
    ပျားရည်ခတ်သလိုပါပဲ..၊
    ချိုလွန်းတဲ့နှုတ်ခမ်းပါးမှာ

    by  - Comments: 0 - Views: 438
  • 20120615
    အရိပ်ဆင် ကောင်းကင်မှာယှက်သန်း
    ခန့်မှန်းရခက်ပြန် ဒီမိုးဝသန်
    စိုးစံကာ မိုးရွာချပြန်တော့
    တိုးလေတဲ့ရက်ကြာရှည်
    ဒီမိုးစွေစွေ
    ငြှိုးလေတဲ့ နတ်သား။ ။

    by  - Comments: 0 - Views: 450
  • 20120615
    ပတ်ဝန်းကျင်က စွပ်စွဲနေပေမယ့်
    စိတ်မှာလွှဲဖယ်ခဲ့တယ်..၊
    ရည်းစားတွေများ ယောက်ျားတွေထည်လဲတွဲလည်း
    မိုက်မိုက်မဲမဲ နဲ့ ချစ်ရဲခဲ့တယ်.. ၊
    အခုတော့လည်း ကိုယ့်အဖြစ်နဲ့ကိုယ်
    အသည်းကွဲလို့တောင်မှ
    ရဲရဲဝံ့ဝံ့ မလွမ်းနိုင်ရှာဘူး…။

    အရှေ့က ယောက်ျားအများ
    ခံစားသွားရတာမြင်ပေမယ့်…
    ငါထားတဲ့ သစ္စာတရားကို
    ယုံကြည်ထားတယ်…၊
    ပြန်သွားဖို့ နှုတ်ဆက်ခဲ့ပေမယ့်
    ပြန်လာဖို့ ဆက်ရန်မပါခဲ့သူ..၊
    ငါ့မှာတော့ အချစ်ကြီးသူမို့
    မီးလိုပူခဲ့..။

    မျက်နှာတွေများသူကိုမှ ချစ်ခဲ့မိတဲ့အမှား
    ခံစားခဲ့ရတာတွေအတွက်
    နှလုံးသားမှာ တံဆိပ် ကပ်ထားတယ်..၊
    နင်တစ်ယောက်မှလွဲ...

    by  - Comments: 0 - Views: 511
  • 20120615
    သံစဉ်တွေများခဲ့ပေမယ့်
    မကြားခဲ့တာတော့သေချာတယ်..၊
    မရေရာတဲ့ လက်စွဲဆောင်ပုဒ်တစ်ခုကို
    သူမ ထုဆစ်နေတာ အတော်ကြာပြီလေ..၊
    အရေအတွက်မရှိတဲ့ သတ်မှတ်ချက်မှာ
    အရှက်နဲ့ သိက္ခာ ဆိုတာ အလကားပဲ…။

    စိတ်ရှည်ရှည်နဲ့ မျှော်လင့်နေလို့တော့
    တစ်ထောင့်တစ်ည မလုပ်လိုက်ပါနဲ့…၊
    လက်ချိုးရေတတ်တဲ့ အကျင့်ဆိုးတွေကို
    အရိုးစွဲအောင် မင်းလေ့ကျင့်ပေးခဲ့တာပဲလေ..၊
    ဆန္ဒတွေရှိရဲ့သားနဲ့ ဖိထားတာကိုခံခဲ့တယ်
    တန်ပြန်မှုတွေမပြုသေးတာက
    အဝေးဆုံးဆိုတာကိုပိုကြောက်လို့ပေါ့..။

    မင်းအတွက် အမြဲအဆင်သင့်ဆိုတာတောင်မှ
    အချစ်ဆုံးဆိုတဲ့ စကားလုံးက
    လက်သီးတစ်လုံးဖြစ်ခဲ့ရတယ်…၊
    နင့်အကြင်နာမျက်လုံးတွေကိုလည်း

    by  - Comments: 0 - Views: 558
  • 20120615
    နေမထွက်ခင်က နေညိုပြခဲ့ပေမယ့်
    မနက်ဆိုတာတွေရဲ့ အငြှိုးတစ်ခုကြောင့်
    ရက်စက်တမ်းကစားခံရတဲ့ ငါ့ရင်ခုန်သံ
    ပြန်လမ်းမရှိတဲ့ ကမ္ဘာကိုရောက်ရတယ်
    နက္ခတ်မှားတဲ့ နှလုံးသားက
    အပြုံးများနဲ့ နှုတ်ဆက်နေပါတယ်….။

    နံ့သားဖြန်းမှ နမ်းချင်ခဲ့တာတော့မဟုတ်ရပါဘူး..၊
    မွှေးထုံမကြူခင်လူမမြင် ရှေးယခင်တည်းက
    အသည်းမှ တွယ်တာခဲ့သူ..၊
    ရင်ပူတာကိုမကြောက်ပေမယ့်.
    အချစ်ပျောက်မှာ အသေကြောက်မိတယ်..၊
    ခင့်အတွက်ပန်းတွေပွင့်တဲ့ နှလုံးသားမှာ
    အပြုံးများနှင့်ဝေဆာနေပါတယ်…။

    ဒဏ်ရာတွေနဲ့ တန်ဆာဆင်လို့တော့
    အထင်သေးမှု မပြုလိုက်ပါနဲ့…၊
    အခိုက်အတန့်လေး တစ်ခုအတွက်
    ပက်သက်ခွင့်တော့...

    by  - Comments: 0 - Views: 562
  • 20120615
    ဖျက်ဆီးပြီးမှ ပျက်သွားခဲ့တာဆိုပေမယ့်
    သမရိုးကျ တော့ မဟုတ်ပေဘူး..၊
    လက်သီးဆုပ်ခဲ့တဲ့ ရည်ရွယ်ချက်က
    ငါ့အတွက် အားတင်းမှုတစ်ခုပါ..၊
    ရန်လိုတဲ့အမူအပြုမို့
    ထိခိုက်မှုရှိတယ်ဆိုရင် နင်ခွင့်လွှတ်ပေးပါ…။

    စရိုက်တွေ ကွာခြားနေခဲ့လို့တော့
    အမှိုက်တွေကို လူမိုက်မဖြစ်ပါစေနဲ့..၊
    တိုက်ရေးခိုက်ရေးမှာသုံးဖို့
    အပြင်းဆုံးလက်နက်တွေရှိတယ်..၊
    ခေါင်းတစ်လုံးတည်းရှိကြသူ အတူတူ
    ဘယ်သူများသာနိုင့်ပါ့မလဲ..။

    တန်ဖိုးမရှိတဲ့ အရာတွေကိုမှ
    အဖိုးအခ ကပ်ပြီး ရောင်းချင်သူ..၊
    နေမဝင်ကောင်းကင်ထက်မှာ
    မင်းအတွက် လက်သီးဗုံးတွေဆင်ထားတယ်..၊
    လမင်းရဲ့ ခြေသံကြားမှ

    by  - Comments: 0 - Views: 782
  • 20120615
    မခံစားနိုင်သော အရာတွေနဲ့သာဖွဲ့စည်းပြီး
    အပြီးသတ်ခြင်းမရှိတဲ့ တိုက်ပွဲတွေမှာ…
    သူသေကိုယ်သေ စစ်ခင်းမှုတွေပါတယ်…။

    မယာလက်တံတစ်စုံကို သွေးပြီး
    သောကမီးတွေ ဆင်ပေးခဲ့တာအတွက်
    မနက်ဖြန်တိုင်းမှာ ပေးဆပ်ရလိမ့်မယ်…၊
    အဆိပ်ပန်းတွေပဲပွင့်တဲ့ ဒေသမှာ
    အချစ်ပန်းပင်တွေ တစ်ဝကြီးပျိုးပစ်လိုက်တယ်..၊
    မြစ်တစ်စင်းရဲ့ ရင်ခုန်သံကတော့
    လေညင်းလေးတွေကိုမျှော်နေပြန်တော့တယ်.။

    ကြောက်စရာကောင်းတဲ့ တွန်ကျူးသံတွေပေါတယ်
    တစ်တောဝင်ပြီး တစ်တောထွက်ခဲ့ပေမယ့်…
    နေကုန်လို့ အစာမရတဲ့ အခါ…
    ရင်နာနာနဲ့ ဗိုက်မှောက်အိပ်ခဲ့တယ်…၊
    နောက်ကအတိတ်က ကျန်ခဲ့တာမှန်ပေမယ့်
    ကျန်နေတဲ့...

    by  - Comments: 0 - Views: 497
  • 20120615
    လေဟာနယ်ကို ပတ်ပြေးတဲ့ခြေအစုံက
    နေ ကုန်တာတောင် ရပ်တန့်ဖို့ ဆန္ဒမရှိခဲ့ဘူး..၊
    သင့်စိတ်ထဲက ခံစားမှုကိုလည်း
    သင်ပဲ ကြီးဆိုးနိုင်ခဲ့တာပါ..၊
    သံယောဇဉ် ကြီးလွန်းသူတစ်ယောက်ကတော့
    လမ်းလျှောက်ရင်းပဲ လမ်းပျောက်နေခဲ့တယ်..၊
    နောက်ဆုံးနှုတ်ထွက်စကားအနေနဲ့
    သင့်ကို သိပ်ချစ်ခဲ့တယ်..။

    by  - Comments: 0 - Views: 402
  • 20120615
    ဖြစ်ချင်ခဲ့သော ဆန္ဒတွေအတွက်
    ရက်စက်မှုတွေ မွေးထားတယ်..၊
    ပြုပြီးမှရတဲ့ နောင်တစ်ခုမှာ
    ဖြူစင်မှုတွေမပါနိုင်ဘူး..၊
    သာယာတဲ့ဘဝတစ်ခုကို လိုချင်ရင်
    ကိုယ့်ဖာသာကိုယ် ပဲနေခဲ့ဖို့ကောင်းတယ်.။

    လုပ်နေကျ တာဝန်တွေကတော့ရှိနေတော့
    နေဝင်လို့ လထွက်ရင်တောင်
    အမှောင်ထုနဲ့ ဖက်ပြီးရန်ဖြစ်နေရတဲ့ကောင်..၊
    လှောင်ရယ်သံတွေကြားက ဖေးကူတဲ့အသံ
    ပုံမှန်နားထဲရောက်လာတတ်တယ်..၊
    တကယ်ဆို…အစွန်းရောက်တဲ့ဝါဒတွေနဲ့
    သေအလဲချစ်နေခဲ့မိတာငါက…
    သေခါမှဇွဲလျော့ပါလိမ့်မယ်…။

    စိတ်ကူးယဉ်ခြင်း ကမိတ်ဆွေဖွဲ့တယ်
    သတိရခြင်းက သူငယ်ချင်းပေါ့
    မြင်မြင်ချင်းချစ်ခဲ့မိတဲ့ အပြစ်က

    by  - Comments: 0 - Views: 477
  • 20120615
    ရုတ်တရက် ဆိုတာက
    လုပ်ရက်တဲ့လူတွေပဲလုပ်တာ..၊
    အမှတ်တရ ဆိုတာက
    ဖြတ်လို့မရတဲ့အရာတွေ..၊
    ဒီနေ နဲ့ ဒီလမင်း တောင်မှ
    ငါ့ရဲ့သူငယ်ချင်းတွေဖြစ်ကုန်ပြီ..။

    ဘဝဆိုတာက
    အက္ခရာ နှစ်လုံးတည်းရယ်
    သံသရာက ကျယ်တယ်.၊
    နင်ကရက်စက်တယ်.၊
    ငါက သိပ်ချစ်တယ်..၊
    ဘယ်ဟာက အမှန်တရားလဲ…။

    ကြယ်ကြွေတဲ့ ညတွေကတော့ မနည်း
    နင်ပဲပြောခဲ့တယ်လေ..၊
    “ညီမလေးကိုသတိရရင်
    ကြယ်လေးတွေကိုကြည့်ပါတဲ့”..၊
    ငါကြည့်ခဲ့ရလွန်းလို့..
    ကြယ်တွေတောင်ငါ့ကို အကုန်သိနေပြီ..။

    by  - Comments: 0 - Views: 407
  • 20120615
    တစ်နေ့တစ်မျိုးနဲ့တော့
    မရိုးနိုင်အောင်လွမ်းမိတယ်..၊
    မင်းမသိပဲ လွမ်းမိခဲ့တာက
    အပြစ်ရှိတယ်တဲ့လား..၊
    မင်းမှန်လား ငါမှားလားတော့
    မမေးတော့ဘူး…
    နင်ချန်ထားခဲ့တာတစ်ခုက
    အသေချာပါပဲ…။

    အလွန်အကျူး မဟုတ်တာတောင်မှ
    ငါတော်တော်လေး ရူးသွပ်ခဲ့တယ်..၊
    ရက်စက်မှကြွေကွဲ ဆိုလို့များ.
    တမင် သက်သက်စိမ်းရက်တာလား..၊
    အချစ်ပင်တွေပျိုးကာမှ
    မုန်းမိုးထပ်ရွာပြန်လေတယ်…။

    နင်တစ်ခါ မုန်းတိုင်းတော့
    တံတိုင်းတစ်ခုမဆောက်ပါနဲ့..၊
    ရောက်ရာနေရာကပဲ ငါ့ကိုလွမ်းပေးပါ..။ ။

    by  - Comments: 0 - Views: 472
  • 20120615
    ရှက်ပါနဲ့မယ်
    ချစ်တယ်မဟုတ်လား။
    ဘယ်သူတွေ ဘာတွေပြောပါစေတော့
    နမ်းမယ်မဟုတ်လား။

    by  - Comments: 0 - Views: 414
  • 20120615
    တစ်ချက်ထဲနဲ့ အလဲထိုးခံရတာ
    အသည်းထဲအထိ နာတယ်..၊
    ရင်ခွဲရမှ ကျေနပ်မယ်ဆိုရင်လည်း
    အသေသတ်ခွင့် ရှိတယ်..၊
    ဖမ်းမိတဲ့ သားကောင်ဆိုတော့လည်း
    မင်းအလိုအတိုင်းပါပဲ….။

    မင်းအတွက် ခြစ်ကုပ်ပြီးဆုထားတဲ့
    မေတ္တာ တရားတွေက
    ငါ့ရင်ထဲမှာ အပြည့်ပဲ..၊
    မျက်ကန်းတွေထက်သာတာဆိုလို့
    မျက်လုံးပါတာပဲရှိမယ်..၊
    တကယ်တော့…
    မျက်လုံးဖွင်ပြီး အိပ်စက်နေခဲ့တာ
    အတော်ကြာပြီလေ…။

    နွေးထွေးမှုဆိုတာက အယောင်ဆောင်
    နင်တောင်မှ ခံစားမှုရှိတယ်ဆိုရင်..
    ငါဘယ်လိုခံစားနေမလဲ တွေးတော့..၊
    နေဝင်မှမြင်ရတာ ဆည်းဆာ.
    ငါသေမှ မြင်ရမှာ နင့်မေတ္တာ ဆိုလည်း
    နင်သာပျော်နေရင်

    by  - Comments: 0 - Views: 465
  • 20120615
    ပန်းပန်မှ နန်းဆန်တယ်တဲ့
    အလှကြွယ်တဲ့ မောင့် ချစ်သူက
    ရှုမဝတဲ့ ယဉ်တစ်ကိုယ်မယ်..၊
    ပျိုခင်ရဲ့ အလှကလည်း
    စာသလို့မှ မရနိုင်တာ..
    ကဗျာစီလို့တော့
    ဘယ်မမှီပေါ့…။

    နွဲနှောင်းတဲ့ ကိုယ်ကာယ အလှ
    ကဗျာလက်မှိုင်ကျလောက်ပေတယ်..၊
    ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီတောင်မှ
    အရှုံးပေးရတယ်ထင်..
    ကြင်နာတဲ့သူက အမရာအလှနဲ့ဂုဏ်တင်..။

    ပန်းပန်ပေမယ့် ပန်းထက်ပိုလှတယ်
    မာယာအကနဲ့ အလှဆင်ခဲ့သူ
    ရင်ပူအောင်လည်းပြုစားခဲ့သူ
    ဖြူဥတဲ့ သူ့မျက်နှာကတော့
    ကဗျာမမှီ စာမမှီ ပေါ့..။

    by  - Comments: 0 - Views: 467
  • 20120615
    ရပ်တန့်လို့မှမရတော့လည်း
    နေပါစေတော့….၊
    ဆုံရှုံးသွားတဲ့ အချိန်တွေကတော့
    တော်တော်လေးတန်ဖိုးရှိခဲ့ပါတယ်..၊
    မနက်ဖြန်တိုင်းမှာတော့
    ငါ့မျှော်လင့်ချက်တွေ အပြည့်ပဲပေါ့…။

    ပုံဖော်တတ်ရအောင်က
    ပန်းချီဆရာ မဟုတ်တာခက်နေတယ်..၊
    အလွတ်ကျက်ထားတဲ့ မင်းပုံရိပ်တွေက
    အိပ်စက်ချိန်တောင် အလွတ်မပေးခဲ့ဘူး..၊
    ဒီစိတ်နဲ့ပဲ ငါရူးမယ်ထင်တယ်..။

    အတွေးချော် တယ်ဆိုတာက
    အရေးပေါ် အခြေ မို့ပါ..၊
    ငါသေခဲ့ရင်တောင်မှ
    ဝိညာဉ်က နင့်အနားမှာအမြဲပဲ…၊
    အထင်မလွဲပါနဲ့…..
    အဲဒါက သိပ်ချစ်လို့..။

    by  - Comments: 0 - Views: 465
 
 

Users browsing this forum: None
Moderators

None

Permissions in this forum:

You cannot post new topics in this forum
You cannot reply to topics in this forum

Legend
  • New posts New posts
  • New posts [ Popular ] New posts [ Popular ]
  • New posts [ Locked ] New posts [ Locked ]
  • No new posts No new posts
  • No new posts [ Popular ] No new posts [ Popular ]
  • No new posts [ Locked ] No new posts [ Locked ]
  • Announcement Announcement
  • Sticky Sticky
  • Global announcement Global announcement