Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********

Join the forum, it's quick and easy

Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********
Log in

I forgot my password

Latest topics
» Eternion/Wowwal repack 3.3.5a – TrinityCore
ကဗျာ I_icon_minitimeTue Jan 17, 2017 5:58 am by janpara

» SolidWoW BlizzLike 4.0.6-4.3.0 Repack stable UPDATED
ကဗျာ I_icon_minitimeThu Apr 10, 2014 5:39 pm by ycabrerag

» JZY’s Trinity Blizzlike Repack 3.35a (updated)
ကဗျာ I_icon_minitimeSun Dec 01, 2013 8:38 am by Bottscan

» Hello Everyone Well
ကဗျာ I_icon_minitimeThu Jun 27, 2013 12:56 pm by 

» ညီမလေး ဖတ်ဖို့
ကဗျာ I_icon_minitimeThu Jun 13, 2013 6:27 am by 

Country Codes

Timer

Total
  • >

/>

Test

Current date/time is Wed May 15, 2024 5:16 pm

ကဗျာ

  • Topics
  • 20120615
    မိုးပေါက်များနှင့်ဝေဆာစွာ
    ကောင်းကင်မှာ တိမ်ညိုနက်နှင့်
    လောင်းငင်ကာ ကမ္ဘာဂြိုလ်ထက်ကိုမှ
    ဆင်းသက်လို့ မိုးရွာပေး။

    မိုးရေဆိုကို မလိုလျှင်တော့
    ခိုဝင်စရာ ရှာပြီးပြေး။

    (မိုး)တိတ်လုပြီထင်ကာ ထွက်လာတော့
    ထပ်ရွာပြန်ပေါ့ နောက်တစ်ခါ
    အပြင်မှာ မိုးတွေရွာလင့်တော့
    တွေ့ခွင်ရဖို့ လမ်းမမြင်ပါ။

    မိုးအေးအေးနှင့် မှေးစက်ရာ
    အတွေးထက် ပြန်မြင်ယောင်လာ။

    ရင်မှာနာ စိမ်မချမ်းသာစွာနှင့်
    လမ်းကိုသာ ငေးနေမိရှာပေါ့
    တွေးကြည်မှ အကြံပေါ်
    ထ၍ အထည်ဖော်။

    ချစ်သူလေးရဲ့ ရှေ့တော်မှောက်ကို
    ပျော်ရွင်ကာ အရောက်လာတော့မလေး။

    by  - Comments: 0 - Views: 473
  • 20120615
    သဝန်တိုသူ အဖြစ်ပေမို့
    ဟိုအရင်လို သူပြန်ချစ်စေဖို့တော့
    ငြင်ငြိုတဲ့ သူစိတ် ထွေကို
    စိတ်ပြေအောင် ချော့ပါမှ
    လျော့ကျတယ်လေ။

    သူစိတ်နေမှာ အလိုမကျပါက
    အတိတ်တွေသာ ငိုကာပြောလေတော့
    သဘောအထွေထွေနှင့် သူစိတ်နေမှာ
    သောကတွေဝေ။

    အသည်းတွေ ကြွေလုပြီမို့
    အမြဲနေ အထွေထွေပြုနေဖို့
    ဒီလူ့မှာ တာဝန်တွေထမ်းပါရ
    နွမ်းလျပြီပေါ့။

    မောပါဘူး ချစ်သက်လယ်ရယ်
    မော်ကာဖူး နှစ်သက်မယ်ကွယ်
    အသက်ဝယ် သိမ်းကာဆည်းလို့
    ကမ္ဗည်းထိုး မှတ်ကျောက်တင်မယ်
    ကိုယ်ရင်ဝယ် ထွန်းမယ့်လမင်း
    အရောင်တွေ စုံစွာခင်းလို့
    လင်းစေအုံး(ဦး)တော့။

    by  - Comments: 0 - Views: 440
  • 20120615
    လေပြည်ရယ် တိုက်ပါလို့
    မျှော်ရှာသူ့ ရင်ထက်ကို
    လှိုင်းခတ်သလို။
    ရင်မှာဖို
    ကြင်နာ လိုနေသူအား။
    ကြွေကာငို နေစေချင်တာမို့
    လေဟာပြင် နှလုံးသားထက်ကိုမှ
    တိုက်ခတ်တာလား။

    (တြိချိုး ကဗျာလေးတစ်ခုပါ။ ခံစားကြည့်လှည့်ပါ။)

    by  - Comments: 0 - Views: 456
  • 20120615
    ဝင်းပပနဲ့ လမင်း
    ထွန်းလင်းတဲ့ည။
    မောကြည့်ကာ စိတ်မှာတွေး
    ဆွေးတဲ့ခဏ။

    အဲဒီ လပြည့်ည။ ။

    by  - Comments: 0 - Views: 419
  • 20120615
    မင်းအမတ် မဟော်သဓာရဲ့ ကြင်ယာတော်
    မြတ်သောမိန်းမ ဆိုပြန်တော့တယ်…၊
    ထိုမိန်းမက လှလွန်းသူတော့မှန်တယ်
    မာနတော့မကြီးဘူး…၊
    လင်သားအပေါ်ထားတဲ့သစ္စာ
    သေခါမှပျက်တော့တယ်….၊
    မြတ်သောမိန်းမ၏ အမည်.
    အမရာ ဒေဝီ…။

    တစ်ရက်မျှကွားဝေးသည်ကို
    တစ်သက်မျှကွာဝေးမည်ထင်
    ရင်ကွဲအောင် အချစ်ကြီးသူမို့
    မြေကြီးမှာသာ လူးမတတ်
    ရူးလျက်သာနေရှာသည်တွင်
    အလွမ်းဝေဒနာကျွမ်းလေတော့
    ရင်ကွဲနာကျ သေရွာသွားတဲ့
    စံထားလောက်တဲ့ ချစ်သူမည်
    ဖိုမောင်နှံမှ မယ်ကိန္နရီ…။

    ယောက်ျားရဲ့ ဆန္ဒကို
    တစ်ထပ်တည်းကျနေခဲ့တဲ့
    နယ်နှင်ဒဏ်ကျ မင်းမိဖုရား..၊
    သားတို့အား ပုဏ္ဏားထံလှူကိုမူ

    by  - Comments: 0 - Views: 663
  • 20120615
    ပညာသမ္ဘာ မပြည့်ပါပဲနဲ့
    ယှဉ်လာတဲ့ သူငယ်
    ရယ်စရာကွယ့် ထိုလူငယ်
    ဘယ်လိုမူနဲ့များ ပြိုင်ပါသတုံး။

    ဤကဗျာပုံ ထိုတေးထပ်ကို
    အတွေးယှက်ကာ ရေးစပ်ပါအုံး(ဦး)။

    မြန်မာမူ ကဗျာဟန်မှာ
    ကာရန်ယူ ပညာသားပါလို့
    အလွယ်တကူ ကဗျာစပ်ရာဖို့
    သဒ္ဒါလည်းမတတ် ခက်လှပေတာ။

    ထားသိုပုံ ကဗျာကျမ်းကို
    ကျွမ်းကျင်အောင် ကျက်ရမည်သာ။

    သို့ဖြစ်၍ မှတ်စမ်းပါကွာ
    လက်ကမ်းကာ ကြိုနေရှာတဲ့
    တို့မြန်မာ ကဗျာများကိုလေ
    ဖတ်လို့မကုန်ပေ။

    တို့ကဗျာတွေ စံတင်လောက်ပေတော့
    တစ်ခေါက်တစ်လေတော့ ဖတ်သင့်တယ်လေး။ ။

    (တေးထပ်)

    အထက်ပါ ကဗျာရေးရာတွင်...

    by  - Comments: 0 - Views: 475
  • 20120615
    ပြုစု ယုယ ကြင်နာပြမှ
    အချစ်တဲ့လား..?
    ငါထားခဲ့တဲ့ အဖြူထည်မေတ္တာတွေကို
    နင် စေလိုရာစေခဲ့တယ်လေ…။

ေ၇မပါပဲသွားခဲ့တဲ့ ကန္တာရခရီး
    မပြီးဆုံးသေးခင်ပဲ ရေငတ်လို့သေရတယ်၊
    ဘာပဲဖြစ်ဖြစ် ငါအားကျပါတယ်…၊
    ရေမပါပဲ သွားရဲတဲ့အတွက်ပေါ့…
    ငါ့အတွက်တော့
    အတုယူစရာ စံနမူနာပါပဲ…..။

    နေမပူ မိုမရွာ
    နှင်းလဲမပါမယ့် ဥတုတစ်ခုကို
    ငါ့အတွက် ဘယ်သူပြုပေးနိုင်မှာလဲ..?
    နွေအခါ ရင်မှာပူလို့
    မိုးအခါ မိုးရွာလျှင်လည်း
    ဆွေးစရာကြုံပြန်တယ်..၊
    ဆောင်းနှင်းကအေးပြန်တော့
    နွေးထွေးတဲ့အတိတ်ကို တမ်းတမိတယ်…။

    ဒီတော့လည်း….
    နွေဗလာ မိုးမရွာ
    ဆောင်းမလာမယ့်...

    by  - Comments: 0 - Views: 429
  • 20120615
    ရွာထဲကိုတော့မဝင်ချင်ဘူး
    ရွာအပြင်ကစောင့်ရတာကိုပဲ
    ဝါသနာတစ်ခုလိုသဘောထားတယ်…၊
    အရိပ်ကို လိုရင် နေပူကစောင့်ဆိုတဲ့
    ဆိုရိုးလဲရှိခဲ့တာပဲလေ……။

    တွေ့ဖူးထားတာတွေနဲ့တော့
    တစ်ခြားစီပဲပေါ့…၊
    အဲဒီလောက် တစ်မူထူးနေရင်
    အလူးအလဲနဲ့ ရှုံးပွဲတွေကိုသာ
    ပြန်ပေးလိမ့်မယ်ဆိုတာ
    ငါကောင်းကောင်း ကြီးသိတာပေါ့….။

    ဆွဲနွားမပါတဲ့ နွားလှည်း
    မဆွဲပဲတော့ ဘယ်သွားပါ့မလဲကွာ…၊
    မင်းတို့လေးတွေ ခရီးတွင်အောင်
    ယူဆောင်ပါလို့ ဆိုလိုက်တာက
    ငါ့ကို လှည်းကြိုးဆွဲခိုင်းတာပဲမဟုတ်လား….။

    မသိချင်တော့တဲ့ အကြောင်း
    မကြားချင်တော့တဲ့ အသံတွေအတွက်
    အဆိပ်တက်အိပ်မက်တွေ

    by  - Comments: 0 - Views: 520
  • 20120615
    နက်မှောင်ခြင်းက နိမိတ်မကောင်းဘူးတဲ့
    အမှောင်ထဲမှာ ပျော်နေတဲ့ငါကိုတော့
    ကြောင်တောင်တောင် အရူးတဲ့…
    မငြင်းပါဘူးကွယ်…
    ရူးတယ်လို့ဆိုချင်ဆို
    ရင်ခွင်ဦးမှာ ဆူးခဲ့တဲ့
    မနှင်းဆီရဲ့ မာယာဆူးမှာ
    ယစ်မူးလို့ မဆုံးသေးလို့ပါ…..။

    တံငါသည်ရဲ့ လက်စွဲက
    ပိုက်ကွန် နဲ့ ပလိုင်းဆိုရင်
    ငါးမျှားတံကိုင်တဲ့သူက
    တံငါသည် မဆိုထိုက်ပေဘူးလား..၊
    ငါနားမလည်ခဲ့တာတွေအထဲမှာ
    မင်းလေးလည်း အပါအဝင်ပေါ့ကွာ…။

    တစ်ဖက်တည်းသောလက်နဲ့
    တစ်ဦးတစ်ယောက်ရဲ့လက်ကို
    ကျစ်လျစ်ယှက်စွာ ဆုပ်ကိုင်ခါဝယ်
    အဘယ်သို့များ ထိုသူခံစားမည်နည်း..၊
    ငါအတွက်တော့ ငါ့ရဲ့စင်စစ်အဖြစ်မှာ

    by  - Comments: 0 - Views: 434
  • 20120615
    ကျွံကျနေတဲ့ ကြမ်းက
    ဘယ်လိုဖြစ်ပြီးအသုံးဝင်မှာလဲ..
    ငါလဲဒီလိုပဲ တွေးတယ်..
    တကယ်တော့..
    နင့်ဘက်က လက်ပြခဲ့တာ
    ကာရန်မညီတဲ့ ရင်ခုန်သံအတွက်ပဲပေါ့…။

    တမာပင်က ခါးတဲ့အရသာထက်
    ငါ့လျှာဖြားထက်မှာ….
    နင့်မာယာများက ပိုခါးလေသလားကွယ်…။

    နေတစ်စင်းရဲ့ ဆန္ဒက
    ကမာ့္ဘရဲ့အလင်းအတွက်ဆိုသလို
    လမင်းကလဲ သူ့အလင်းကို
    အေးဆက်ခြင်းတွေနဲ့
    ထုတ်လွှတ်ပေးတတ်တယ်…
    ငါ့အတွက်တော့
    နင့်ရဲ့ အနွေးဓာတ်လေး
    ပေးသနားပါချစ်သူ…။

    နိယာမတစ်ခုဆိုတာ
    အမှန်တရားပဲမဟုတ်လား…
    အခုငါဖြစ်နေတာကတော့
    ငါ့အတွက်ထားခဲ့တဲ့
    သီအိုရီတွေရဲ့ ဆန္ဒတွေပဲလေ…။

    သီတာဒေဝီ...

    by  - Comments: 0 - Views: 575
  • 20120615
    ကဗျာ C9c19b27bee4d39a562bf8bc75ff0e0e?s=50&d=http%3A%2F%2F0.gravatar


    ဖြစ်ခဲ့ပြီးမှတော့
    ဘာကိုမှ
    နောင်တမရချင်တော့ဘူး…
    နောင်အချိန်မှာထပ်မဖြစ်ဖို့တော့
    ကြိုးစားရမှာအမှန်ပေါ့….။

    သုည နဲ့ မခြား တဲ့ ဘဝ
    မလိုချင်လို့ ပစ်မှတော့
    ဘာများထပ်ပြီး
    စိတ်ညစ်နေရဦးမှာလဲ…
    အကွဲကွဲအပြဲပြဲ နဲ့
    ဖယိုဖရဲ အသည်းတစ်ခြမ်းကိုပဲ

    by  - Comments: 0 - Views: 578
  • 20120615
    လွန်ဆွဲခဲ့ရတဲ့ အချစ်စစ်ပွဲ
    မနွှဲချင်တာတောင် ဝင်နွှဲခဲ့တယ်..
    တကယ်တော့ ငါနှလုံးသားက
    အရှုံးသမားဖြစ်ဖို့မွေးဖွားခဲ့တာ ထင်ပါရဲ့…
    ပြိုင်ပွဲတိုင်းကို နိုင်ပွဲမရခဲ့ဘူး….။

    လူရှုပ်တဲ့ အချစ်မြို့ထဲမှာ
    မျက်စိလည်သွားတယ် ဆိုရမှာပဲ
    တကယ်တော့ ငါကိုယ်တိုင်
    ဆန္ဒပါလို့သွားခဲ့တာ မှမဟုတ်ပဲ
    နင်ဆွဲခေါ်ရာ ပါခဲ့ရတဲ့ ငါပါ…။

    ငါပေးခဲ့တဲ့ မေတ္တာတွေကို
    နင်အတုမှတ်ခဲ့ သလား…?
    တကယ်တော့ နင်ကမှ
    အတုအယောင်ပါ…
    အာကာသထဲ ပစ်လွှတ်တဲ့
    ဒုံးကျည်လိုပဲ
    နင့်ကိုငါချစ်ခဲ့တာတွေလဲ
    အခုတော့ ဆုံးပြီ…။

    သစ်ရွက်ကြွေသံကိုတောင်
    ခွေးဟောင်သံ အမှတ်နဲ့

    by  - Comments: 0 - Views: 505
  • 20120615
    ခွဲဝေခံစားခြင်းဆိုတာကို
    ငါ….. နားလည်တယ်
    ငါ့အတွက်ရယူပိုင်ဆိုင်ဖို့ဆိုတာ
    မျှော်လင့်ခဲ့တဲ့ အရာမဟုတ်ဘူး…
    မင်းနားလည်အောင်ပြောရရင်
    မှတ်ထား……
    ကမ္ဘာတစ်ခုလုံးကိုအလင်းပေးဖို့
    လောကမှာ နေ တစ်စင်းပဲရှိတယ်…။
    (ဘယ်လိုမှမပေးနိုင်ဘူး)

    မျှတမှုတွေကိုလိုချင်တာအမှန်ပဲ
    ငါ………..နားလည်တယ်
    ငါက လိုချင်တာကို
    ဦးစားပေသူမဟုတ်ဘူး
    မင်းသိအောင်ပြောရရင်
    မှတ်ထား…….
    ပင်လယ်ရေကို မင်းတစ်ယောက်တည်း
    ကုန်အောင်သောက်လို့မရဘူး…။
    (ဘယ်တောမှခန်းမသွားဘူး)

    ဒီလောက်တောင်မှ
    မှန်တာတွေပြောတဲ့ ငါ့ပါးစပ်
    ဘယ်အတွက်ကြောင့် ပိတ်ရမှာလဲ…
    ငါ……နားလည်တယ်

    by  - Comments: 0 - Views: 477
  • 20120615
    ကဗျာ C9c19b27bee4d39a562bf8bc75ff0e0e?s=50&d=http%3A%2F%2F0.gravatar


    မိုးတိမ်… မိုးတိမ်….
    မင်းကတော့ ကောင်းကင်မှာပဲ
    အမြဲနေတယ်နော်…. ။
    ငါကတော့…
    မင်းကိုမြင်ချင်တိုင်း
    ကောင်းကင်ကိုပဲ
    မော့မော့ကြည့်ခဲ့ရတယ်..
    ငါအတွက် သဘာဝတရားမှာ
    တရားမျှတမှုမရှိဘူး……။

    ဒီလိုပါပဲ…
    တစ်ခါတလေတော့လည်း
    နောင်တတွေရမိတယ်…။
    ငါမင်းကိုမောကြည့်ရတဲ့ဘဝက

    by  - Comments: 0 - Views: 464
  • 20120615
    ချစ်စရာကောင်းသူလေးရေ…
    ငါ့ရင်ခွင်မှာလေးနက်စွာခံစားနေရတယ်
    မင်းမှမရရင် ငါ့ဘဝမသာယာနိုင်ပါ…..။

    လှရက်နိုင်သူလေးရေ…
    လူတကာအသည်း ညှို့ယူစွဲလို့ရပေမယ့်
    ငါ့အသည်းကိုတော့ မပြုစားရဘူးနော်…….။

    အသက်တမျှချစ်ရသူလေးရေ…
    မင်းကငါ့ကိုမသိပေမယ့်
    မင်းကိုချစ်တဲ့လူ ဒီလောကမှာ
    ငါရှိနေတယ်ဆိုတာ မင်းသိအောင်ပြောမယ်နော်….။

    စွဲမက်စရာကောင်းသူလေးရေ…
    မင်းခေါင်းညှိတ်ဖို့မျှော်လင့်ရင်းနဲ့
    ငါချစ်ခွင့်ပန်စကား ပြောကြားချင်တယ်ကွာ……။

    နတ်မိမယ်လို လှသူလေးရေ…
    မင်းနှုတ်ခမ်းထက်က
    အချစ်ပန်းလို ပွင့်လန်းမယ့်
    အနမ်းတစ်ပွင့်နဲ့ လက်ကမ်းကြိုနေပါလားကွယ်……..။

    by  - Comments: 0 - Views: 523
 
 

Users browsing this forum: None
Moderators

None

Permissions in this forum:

You cannot post new topics in this forum
You cannot reply to topics in this forum

Legend
  • New posts New posts
  • New posts [ Popular ] New posts [ Popular ]
  • New posts [ Locked ] New posts [ Locked ]
  • No new posts No new posts
  • No new posts [ Popular ] No new posts [ Popular ]
  • No new posts [ Locked ] No new posts [ Locked ]
  • Announcement Announcement
  • Sticky Sticky
  • Global announcement Global announcement