Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********

Join the forum, it's quick and easy

Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********
Log in

I forgot my password

Latest topics
» Eternion/Wowwal repack 3.3.5a – TrinityCore
ကဗျာ I_icon_minitimeTue Jan 17, 2017 5:58 am by janpara

» SolidWoW BlizzLike 4.0.6-4.3.0 Repack stable UPDATED
ကဗျာ I_icon_minitimeThu Apr 10, 2014 5:39 pm by ycabrerag

» JZY’s Trinity Blizzlike Repack 3.35a (updated)
ကဗျာ I_icon_minitimeSun Dec 01, 2013 8:38 am by Bottscan

» Hello Everyone Well
ကဗျာ I_icon_minitimeThu Jun 27, 2013 12:56 pm by 

» ညီမလေး ဖတ်ဖို့
ကဗျာ I_icon_minitimeThu Jun 13, 2013 6:27 am by 

Country Codes

Timer

Total
  • >

/>

Test

Current date/time is Thu May 16, 2024 7:39 am

ကဗျာ

  • Topics
  • 20120615
    တွေ့ခဲရတဲ့ အချိန်ကာလ
    ပြောရရင် တစ်ခဏလေးရယ်
    ငါ့နှလုံးသွေးနဲ့ ရင်းတဲ့
    အချစ်တွေကိုပေးခဲ့တယ်…။
    နောက်ဆုံးတော့လည်းဝေးခဲ့ရပြန်တယ်..။

    ဆွေးမြေ့ခဲ့ရတဲ့ ချိန်ကာလကြား
    နားစွင့်တိုင်းကြားရတဲ့
    သတင်းတွေထဲမှာ
    မင်းအကြောင်းကမပါ…။

    တကယ်ဆိုရင်…
    မေ့ဖျောက်ဖို့ ကြိုးစားတိုင်း
    ခပ်တုံးတုံး ဓားတစ်လက်လောက်တောင်
    ပြတ်အောင်မဖြတ်နိုင်ခဲ့တဲ့
    ငါ့အဖြစ်..။
    စိတ်ညစ်စရာကြုံတိုင်းလည်း
    သူ့ကိုပဲ လွမ်းနေမိတယ်
    ငါ့ဘဝမှာ..
    ရေမရှိလည်း သူရှိနေမှ
    နေမရှိလည်း သူရှိနေမှ
    လေမရှိလည်း သူရှိနေမှ
    ငါ့ဘဝသာယာနိုင်မှာပါ…။

    ဒီလိုပါပဲ..

    by  - Comments: 0 - Views: 463
  • 20120615
    တကယ်ဆိုရင်…….
    ရင်ထဲမှာ မမျိုသိပ်နိုင်လို့
    ဖွင့်ဟလိုက်ရတဲ့ ချစ်ခြင်း
    အပြစ်ကင်းစင်တယ်လို့ မဆိုဝံ့ပါဘူး ခိုင်..။

    ကျွန်တော်ရင်မှာ
    ဘယ်လိုပင်သောကတွေ ရှိပါစေလေ
    ခိုင့် မျက်နှာမြင်ရတဲ့ တစ်ခဏမှာ
    ရင်ထဲက အပူမျန်သမျှ
    ကွာကျရတယ် ခိုင်..။
    ကြည်နူးမှုတွေ ရောယှက်ပြီး
    အေးစက်လွန်းတဲ့ ခိုင့် မျက်ဝန်းမှာ
    ဘယ်လိုမှ ရုန်းမထွက်နိုင်ခဲ့ပါဘူး ခိုင်..။

    ကျွန်တော်သိပါတယ်ခိုင်ရယ်…
    Online ပေါကအချစ်မို့
    မဖြစ်နိုင်ဘူး ဆိုပေမယ့်လည်း
    ခိုင့်ကိုချစ်တာ
    စစ်မှန်တဲ့ ရင်ထဲကအချစ်ပေမို့
    အသက်ထက်မကချစ်တယ် ခိုင်..။

    ခိုင်နဲ့ မဆုံဖြစ်တဲ့အချိန်မှ

    by  - Comments: 0 - Views: 447
  • 20120615
    မနေ့တစ်နေ့ကပဲ
    အချစ်ကြီးချစ်တဲ့ ချစ်သူတွေပါ
    မုန်းလို့မရ မေ့လဲမရပါ..။
    ငါ့ရဲ့ဘဝထဲကို ခဏပဲအလည်လာပြီး
    အပြီးထွက်သွားတော့မှာလား
    ခရီးဆက်များတဲ့သူရယ်…..။ ။

    အခုအခါကျမှ
    သိပ်ချစ်ရသူမင်းက
    ငါ့ရင်ကိုပူအောင်လောင်မြိုက်
    စကားလုံးတွေနဲ့တိုက်ခိုက်
    ချစ်ကြိုက်နေတုန်းအချိန်ခိုက်
    ပန်းတစ်ပွင့်လိုနမ်းရှိုက်
    ငါ့အကြိုက်ကို မင်းလိုက်လို့
    ငါ့နှလုံးသားကိုသိမ်းပိုက်
    မလိုတဲ့အခါ လွှင့်ပစ်လိုက်
    မင်းအတွက် ငါက အမှိုက်သရိုက်။

    ငါ့ကိုလိုရာသုံး
    မင်းမုန်းတော့မှမေ့လိုက်
    အမျိုးမျိုးပြောင်းတဲ့ မင်းစရိုက်
    ဒီလို အလိုက်အထိုက်နဲ့ကို
    မင်းရဲ့နှုတ်က...

    by  - Comments: 0 - Views: 448
  • 20120615
    နင်…
    ငါ့မျက်နှာကို မမြင်ချင်ရင်
    ငါတမင်ရှောင်ခွါနေပါ့မယ်…။

    နင်…
    ငါ့အသံကို မကြားချင်ရင်
    ငါရင်ငုံနှုတ်ပိတ် အသံဆိတ်လို့
    တိတ်တိတ်လေးပဲနေပါ့မယ်..။

    ဒါပေမယ့် …
    နင်ငါ့အချစ်ကို လက်မခံချင်နေပါ
    ငါ့ ကိုပြန်မချစ်ချင်နေပါ
    နင့်ကိုငါ
    ချစ်နေခွင်ရရင်ကျေနပ်မှာပါ..။ ။

    by  - Comments: 0 - Views: 502
  • 20120615
    အတွေးမြစ်ထဲခဏစီးဝင်သွားချိန်မှာ
    ငါဘာတွေဖြစ်ခဲ့သလဲ
    ငါ့ကိုယ်ငါပဲပြန်မေးကြည့်တယ်..။

    ဘာမှတော့မဖြစ်ပါဘူး
    ငါကောင်းပါတယ်
    အတွေးတွေထဲမှာ ငါတွေ့ခဲ့တယ်
    နင့်ကို…
    ငါမြင်ခဲ့တယ်
    လူတွေကို…
    ငါပြန်တွေ့ရခဲ့တယ်
    ငါ့ကိုငါ…
    ငါရူးသွားတာလား…..?
    ငါဘာဖြစ်နေတာလဲ…..?
    အဓိပါယ်မရှိတာတွေ တွေးနေတယ်…။
    အဓိပါယ်မရှိတဲ့ကဗျာတွေ ရေးနေတယ်…။

    သေချာအောင်ပြန်မေးတယ်
    သေချာပါတယ် ငါမရူးပါဘူး..။
    အမှန်တော့….
    ငါ့အတွေးထဲမှာအတိုင်းပဲ
    ဒီကမ္ဘာကြီးထဲမှာ ရှိနေတာ
    နင်ရယ်…. ငါရယ်……. သူတို့ရယ်ပါ………။ ။

    by  - Comments: 0 - Views: 448
  • 20120615
    အလှတစ်ခုကိုတွေ့ရ

    မေ့မရတဲ့ချစ်ခြင်း

    ရင်တွင်းဖြစ်ပေါ်လည်း

    မျိုသိပ်ထားနေရတာ ခက်တယ်…။



    ခိုင်……..

    ခိုင့် အလှမှာ နစ်မျော

    အပြစ် ပြောစရာမရှိ

    နှလုံးသားမှာ ငြိတွယ်လည်း

    အခွင်အရေး မရှိတာ ခက်တယ်…။



    ခိုင်………

    ခိုင့် အကြည့်မှာ ယစ်မူး

    မချစ်ဖူးလို့ ပြောမထွက်

    အသက်ထက်မက ချစ်နေလည်း

    ဖွင့်မပြောရက်တာ ခက်တယ်…။



    ခိုင်……….

    ခိုင့် စကားမှာ ကြည်နူး

    ရည်စူးလို့ ဖွင်ဟ

    ထိမ်းမရတဲ့ ချစ်စိတ်ဖြစ်လည်း

    ခိုင့်...

    by  - Comments: 0 - Views: 486
  • 20120615
    အချစ်စကား
    ဖွင့်ဆိုငြားလည်း
    ခိုင် မုန်းသွားမှာ စိုးမိတယ်…။

    သစ္စာစကား
    တိုင်တည်ငြားလည်း
    ခိုင် ဟားတိုက်မှာ စိုးမိတယ်…။

    ရင်ခုန်သံကို
    ဖွင့်ဟပြောလည်း
    ခိုင် စွန့်လွှတ်မှာ စိုးမိတယ်…။

    ရင်မှမျိုသိပ်
    ချစ်စိတ်ဝေဒနာကို
    ဖွင့်ဟအန်ထုပ်
    ကိုယ့်ရဲ့နှုတ်က
    မပြောသာလို့
    ရင်မှာသိမ်းထားပါတယ် ခိုင်…။ ။

    by  - Comments: 0 - Views: 494
  • 20120615
    ကြည်သာချမ်းမြေ့
    ပန်းနုရောင်တွေများ
    ရင်မှာ အမှတ်တရ လွမ်းမောလို့နေဆဲ
    ကြယ်များလွင်ကြွေ
    မြင်သာ တို့ ဝေး..
    လွမ်းတမ်းတတယ် ခိုင်…။

    သာယာ ကြည်နူးတဲ့
    ချစ်ပန်း ပွင်ချိန်များ
    အစဉ်သာ သတိရ ဖြေသိပ်လို့နေဆဲ
    အမှောင်ည ရက်ရှည်
    ကြင်နာသူ ဝေး…
    လွမ်းတမ်းတတယ် ခိုင်…။

    နွဲ့ယိမ်းနွဲ့ယိုင်
    တွယ်တာရစ် သမုဒယမဏ္ဍိုင်
    တွေဝေကာ မစွန့်စား ခဲ့ပြီလား..။

    လျောက်လှမ်းရမယ့်
    ဒီဘဝခရီးလမ်းမှာ
    ယုံကြည်စွာ လက်တွဲဝံ့ပြီလား..။

    မြစိမ်းလဲ့ ခိုင်..
    ရွှေရည်သွေး မုန်းမေ့နိုင်
    ချိုကြည်စွာ ပွင့်လန်းခဲ့ပြီလား…။

    အတူလှမ်းဆက်မဲ့

    by  - Comments: 0 - Views: 495
  • 20120615
    ခဏတာသိ
    ရင်မှာငြိလို့
    နင်သိစေသား
    ချစ်ခြင်းများကို
    ခံစားသီကြွေး
    အလွမ်းတေးဖြင့်
    အဝေးကပဲ
    ဆိုနေဆဲပါ။

    မခွဲချင်သူ
    ရင်မှာပူသမို့
    ကြည်ဖြူစွာနှင့်
    လက်ခံလင့်သော်
    ငါနင့်အနား
    တစ်ဖဝါးမျှ
    ခွါသွားနိုင်မည် မဟုတ်ပြီ…။ ။

    by  - Comments: 0 - Views: 466
  • 20120615
    အေးမြတဲ့ ဆောင်းတစ်ညမှာ
    ထောင်းထောင်း ထအောင်ဆင်းသက်နေ
    နှင်းစက် ဖွေးဖွေးတွေ။

    နွေးထွေးမှုတွေ ကွယ်ပျောက်
    အကြောက်ဆုံးက တစ်ခုသာ
    ယခုအခါ ငါတွေးရင်း
    ဝေးခဲ့ရတဲ့ ချစ်သူကို လွမ်း
    နွမ်းနေတဲ့ အသည်းက
    အမြဲ ပူလောင်ဆဲပါ။

    တစ်နေ့မျှ မေ့လို့မရနိုင်ပါ
    ယနေ့ဘဝတိုင် မင်းကိုမျှော်မှန်းရင်း
    ရင်မှအလွမ်း မအေးချမ်း
    ငါလွမ်းဆွေးတဲ့
    ဒီဇင်ဘာည….။ ။

    by  - Comments: 0 - Views: 424
  • 20120615
    ရင်မှာလွမ်းတိုင်သာ ငိုရမယ်ဆိုရင်
    ပင်လယ်ရေထက်
    ဆပေါင်းများတဲ့ ………………………… …….
    မျက်ရည်………. ………………………..။ ။

    by  - Comments: 0 - Views: 504
  • 20120615
    အလွမ်းရဲ့သခင်ဟာ
    ကြင်နာသူရဲ့ အချစ်
    ငါ့ကိုပစ်သွားတာ
    မင်းလေးရဲ့အပြစ်
    တဆစ်ဆစ်နဲ့ နာနေတဲ့ရင်မှာ
    မြင်သာမြင်ရ မကြင်ရမယ့်သူကို
    ခင်တွယ်နေမိတယ်…။

    မလှမ်းသင့်တဲ့ လမ်းကို
    ဆက်လှမ်းမိတယ်…။
    မနမ်းသင့်တဲ့ ပန်းကို
    ဆက်နမ်းမိတယ်…။
    မမျှော်မှန်းသင့်တဲ့ အနမ်းကို
    ဆက်မျှော်မှန်းမိတယ်…။

    နောက်ဆုံးတော့ ဇာတ်လမ်းအဆုံး
    မျက်ကန်းလွန်းတဲ့ငါ
    အချစ်တွေရှုံးလို့
    မင်းရဲ့ ခပ်ကြမ်းကြမ်းအမုန်းတွေနဲ့
    လူံးထွေးခဲ့ရတယ်…။

    အခါလွန်နောင်တနဲ့
    ဒီဘဝမှာတော့
    မဆုံးသေးတဲ့ တို့နှစ်ယောက် ဇာတ်လမ်း
    ထပ်မလွမ်းချင်လို့ အဆုံးသတ်မည်…။

    by  - Comments: 0 - Views: 548
  • 20120615
    အမုန်းတရားကို ဥပေက္ခာပြု
    လမ်းခွဲဖို့ မကြားလို
    သံယောဇဉ်ပန်းခင်းအလယ်မှာ
    ချစ်လိပါပြာလေး ရစ်ဝဲစေခဲတယ်…။

    အိပ်မက်ဆိုတဲ့ ခရီးရှည်တစ်ခု
    နိုးထဖို့ အားယူတဲ့အခါ
    ဘာဖြစ်ဖြစ်
    မင်းရှိနေမှ တက်ကြွနေမှာပေါ့…။

    နှလုံးသားကို ငါပေးခဲ့ပေမယ့်
    ငဲ့ကြည်ရုံသာဆိုရင်
    နောက်နောင်မှာ မင်းတစ်ယောက်
    မချစ်မိပါစေနဲ့..။

    မင်းရဲ့ နှလုံးသားမှာ
    ပန်းလေးပွင့်ခဲ့ရင်
    ငါ့လိုပဲ
    မင်းလေး နာကျင်မှာစိုးလို့ပါ………။ ။

    by  - Comments: 0 - Views: 607
  • 20120615
    လမ်းဟောင်းလေးထဲ ရောက်တိုင်း

    တစ်ခေါက်မကတဲ့

    ငါတို့ရဲ့အတိတ်တွေ…

    အရိပ်လိုပဲ ထင်ကျန်နေဆဲပါ၊

    ဒါကို… မင်းမှမသိပဲကွာ………….။



    ချစ်သူ……….

    မင်းကထားရက်ခဲ့လို့ ထားသွားခဲ့ပေမယ့်

    ချစ်တတ်တဲ့သူ တစ်ယောက်ကတော့…

    မမေ့ရက်လို့ နောက်ထပ်အချစ်ဆိုတာ

    ဘဝမှာ ထပ်မရှိတာ

    မင်းမှမသိတာကွာ………….။



    အတိတ်ကို ပြန်သတိရမှာစိုးလို့

    မသိချင်ယောင်ဆောင် ခဲ့

    မသွားချင်အောင်နေ ခဲ့

    ငါတို့ရဲ့..…ဆုံနေကျ

    သမုဒယ လမ်းကလေး…

    လမ်းကြုံလို့ လှမ်းမြင်ရရင်ပဲ

    by  - Comments: 0 - Views: 426
  • 20120615
    မိန်းကလေး သိပ်လှတယ်

    စိတ်မချဘူး မင်းကို

    အိပ်မရလို့ အတွေးပိုတော့

    မင်းကိုလွမ်းလို့ပေါ့…

    လှမ်းလို့မျှော်ရင်း တွေးနေတယ်

    ဝေးနေလို့တော့ မဖြစ်ဘူး

    ဆွေးနေရင်လည်း ကြွေနေမယ်

    ငါ့ရဲ့အဖြစ်က အချစ်ရူး

    မချစ်ဖူးလို့ ရူးတာပါ

    အချစ်ဦးဆို ပိုမှန်လိမ့်မယ်

    ရန်ကုန်သူ ပျိုဖြူချောကို

    ကိုလူချော အချစ်ဆုံး…..။ ။

    by  - Comments: 0 - Views: 494
 
 

Users browsing this forum: None
Moderators

None

Permissions in this forum:

You cannot post new topics in this forum
You cannot reply to topics in this forum

Legend
  • New posts New posts
  • New posts [ Popular ] New posts [ Popular ]
  • New posts [ Locked ] New posts [ Locked ]
  • No new posts No new posts
  • No new posts [ Popular ] No new posts [ Popular ]
  • No new posts [ Locked ] No new posts [ Locked ]
  • Announcement Announcement
  • Sticky Sticky
  • Global announcement Global announcement