Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********

Join the forum, it's quick and easy

Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********
Log in

I forgot my password

Latest topics
» Eternion/Wowwal repack 3.3.5a – TrinityCore
ကဗျာ I_icon_minitimeTue Jan 17, 2017 5:58 am by janpara

» SolidWoW BlizzLike 4.0.6-4.3.0 Repack stable UPDATED
ကဗျာ I_icon_minitimeThu Apr 10, 2014 5:39 pm by ycabrerag

» JZY’s Trinity Blizzlike Repack 3.35a (updated)
ကဗျာ I_icon_minitimeSun Dec 01, 2013 8:38 am by Bottscan

» Hello Everyone Well
ကဗျာ I_icon_minitimeThu Jun 27, 2013 12:56 pm by 

» ညီမလေး ဖတ်ဖို့
ကဗျာ I_icon_minitimeThu Jun 13, 2013 6:27 am by 

Country Codes

Timer

Total
  • >

/>

Test

Current date/time is Wed May 15, 2024 1:55 pm

ကဗျာ

  • Topics
  • 20120615
    ခံရတာတွေ များလာတော့
    စိတ်နာမိတယ်…
    ငါခံစားခဲ့ရတာတွေလည်း
    ငါပဲ သိတယ်…။

    ငါတောင့်တခဲ့တဲ့ အရာ
    မင်းသာပေးခဲ့ရင်
    ဒီလိုဝေးရတဲ့အခါ
    ငါကျေနပ်မိမှာ အမှန်ပါ..။

    နင်ချစ်ပါတယ်ဆိုတဲ့ စကား
    ငါကြားချင်ခဲ့ပေမယ့်
    နင်ထားခဲ့ရုံကလွဲလို့
    ဘာမှ မရခဲ့ဘူး…။

    ငါဝန်ခံပါတယ်
    ငါတကယ်ချစ်ခဲ့တယ်ဆိုတာ
    ဒါပေမယ့်လည်း
    ငါအမြဲတမ်းတမိတယ်
    နင်နဲ့ပက်သက်ခဲ့သမျှ
    ငါအတွက် အမှတ်တရ
    ရခဲ့သမျှဒဏ်ရာ
    ကျေနပ်ခဲ့တယ်
    မင်းအတွက်သာ
    ငါရှုံးခဲ့သမျှတွေအတွက်
    မင်းပြန်မပေးဆပ်ပါနဲ့…။
    မင်းအတွက် နောက်ဆုံးအချိန်ထိ
    ငါရှိနေမယ်…..။

    by  - Comments: 0 - Views: 472
  • 20120615
    ကဗျာ C9c19b27bee4d39a562bf8bc75ff0e0e?s=50&d=http%3A%2F%2F0.gravatar


    ကြမ်းတမ်းတဲ့လမ်း
    လျှောက်လှမ်းတဲ့နေရပေမယ့်
    ငါကျေနပ်တယ်…။
    ငါ့ဘေးမှာ နငိရှိနေတယ်..။

    ခါးသည်းမှုတွေ
    ရင်ဆိုင်နေရပေမယ့်
    ငါပျော်နေတယ်….။
    ငါဘေးမှာနင်ရှိနေတယ်…။

    ဘယ်လိုအခက်အခဲတွေ
    ရှိနေပါစေဦး
    ငါနေတတ်ခဲ့တယ်..။
    ငါဘေးမှာနင်ရှိနေတယ်…။

    by  - Comments: 0 - Views: 478
  • 20120615
    ကံကြမ္မာ အနေမပေးလို့
    အလှံတစ်ရာ အနေဝေးပေမယ့်
    အလံပမာ လေသွေးတိုင်း
    မလှုပ်ပါဘူး…..။
    အဖြေသာအမြန်ပေးပါတော့
    ချစ်သူရယ်…။

    by  - Comments: 0 - Views: 589
  • 20120615
    ဧဒင် ဥယာဉ်ထဲက
    ပန်းသီးက မင်းအတွက်..။

    အတူတူရှိနေခဲ့တာ
    အခုညမှာမင်းနဲ့..။

    အနားနားကို တိုးထားပါ
    မင်းအလှတွေစိတ်မချကာ
    အခြားတစ်ယောက်ဆီ လျှံနေမှာ စိုးတယ်..။

    မင်းနဲ့ငါ ချစ်ကြမှာ
    ဘေးကလူတစ်ချို့ကတောင်
    အသည်းယားကာ
    မနာလိုနေ လို့…။

    ထူးခြားတဲ့ မင်းရဲ့အလှများ
    ယောက်ျားတွေအားလုံးကို ဖမ်းစား..။
    မင်းမျက်လုံးနဲ့ ပင့်ကြည့်တာများ
    ကိုယ့်အသည်းတွေ လှုပ်ခါရမ်းသွား…။
    မနှိပ်စက်နဲ့ ရူးလိမ့်မယ်
    တကယ် စကားတွေတတ်တဲ့ နှုတ်ခမ်းများ…
    ခွင့်ပြုပါ မိန်းကလေးရယ်..
    ဒီအချစ်က တကယ့် မျက်ကန်းပါ…။

    ဗို့အား..
    တစ်ထောင်အားနဲ့

    by  - Comments: 0 - Views: 479
  • 20120615
    ကဗျာ C9c19b27bee4d39a562bf8bc75ff0e0e?s=50&d=http%3A%2F%2F0.gravatar


    ကြိုးစားကြည့်တယ်
    မေ့ဖျောက်ဖို့။
    မဖြစ်နိုင်ခဲ့ဘူး…..
    ရောက်တဲ့နေရာမှာ
    သတိရမိတယ်….။

    ဆုံးဖြတ်မိတယ်
    လမ်းခွဲဖို့။
    မစွမ်းနိုင်ခဲ့ဘူး…..
    အဲမြဲဆိုသလို
    လွမ်းနေမိတယ်…။

    အားထုတ်ကြည့်တယ်
    စွန့်လွှတ်ဖို့။
    မအောင်မြင်ပြန်ဘူး…
    စွန့်ပစ်ခံရတာတောင်

    by  - Comments: 0 - Views: 478
  • 20120615
    ကဗျာ C9c19b27bee4d39a562bf8bc75ff0e0e?s=50&d=http%3A%2F%2F0.gravatar


    ကြားဖူးခဲ့ပါတယ်…
    အာဒံ နဲ့ ဧဝ
    သိပ်ချစ်ကြတယ်ဆိုတာ…။

    ဖတ်ဖူးခဲ့ပါတယ်…
    ဘုရင့်သမီးတော်နဲ့
    တောတွင်းသားလေးတို့
    ချစ်ဖူး ခဲ့တယ်ဆိုတာ…။

    နားမလည်ခဲ့ဘူး…
    မင်းနဲ့ငါ နှစ်ယောက်မှာ
    ဒီလောက်ပေးဆပ် ခဲ့တဲ့ငါ
    ဘာဖြစ်လို့များရှုံးနိမ့်ခဲ့ရတာလဲ…။

    by  - Comments: 0 - Views: 425
  • 20120615
    မုန်းနေမှန်းသိလျက်နဲ့
    သိပ်ချစ်နေတယ်၊
    မောင်းထုတ်လည်း မသွားနိုင်ဘူး..
    နှင်လွှတ်လည်း မပြန်နိုင်ဘူး..
    သံသရာအဆက်ဆက်က ဝဋ် အတွက်
    မင်းကိုငါ ချစ်နေမှာပဲ….။

    မင်းမတွေချင်မှန်းတော့ သိတယ်
    ငါကမတွေ့ရ မနေနိုင် ဆိုတော့
    စိတ်ဆိုးလည်း မတတ်နိုင်ဘူး
    မင်းရှေ့ကို အမြဲရောက်မိတယ်..။

    မရနိုင်မှန်းသိလည်း
    ကြိုးစားနေ မိတယ်
    မင်းချစ်မှ မဟုတ်ဘူး..
    ငါ့ဘက်က ချစ်နေလဲ အချစ်ပဲလေ….။

    ဒီစကားကို
    မကြားချင်မှန်း သိတယ်
    ဒါပေမယ့် မင်းလက်မခံလည်း
    ငါ့ဘက်က အကြိမ်ကြိမ်ပြောပိုင်ခွင့်ရှိတယ်..။

    ဒီလိုတွေ လုပ်နေရတာ
    မင်းကိုချစ်လို့ပါ…။

    by  - Comments: 0 - Views: 475
  • 20120615
    ညတစ်ညရဲ့ အမှောင်ထုကို
    အလင်းတစ်ခု ပစ်ခွင်းလိုက်တယ်
    နက်မှောင်နေတဲ့ ကောင်းကင်ထက်မှာ
    လင်းလက်တဲ့ လျှပ်စီး…။

    ညတစ်ညရဲ့သာယာမှုကို
    အသံတစ်ခု နှစ်သွင်းလိုက်တယ်
    တိတ်စိတ်တဲ့ ကမ္ဘာ ဘက်ခြမ်းမှာ
    ကြမ်းတမ်းတဲ့ မိုးချုန်းသံကြီး..။

    ဖြောက်ဖြောက်ကျကာ
    သံဝါမပျက်၊တစ်စက်စက်ဖြင့်
    အဆက်အစဉ်၊ တစ်သွင်သွင်နှင့်
    ရွာလျှင်မတိတ်၊ မိုး၏စိတ်ပင်
    ထင်ချင်ထင်ကြ၊ ထင်ရလောက်တဲ့
    မိုးရဲ့ညမှာ…
    လင်းလက်လာတဲ့ လျှပ်စီး
    ပေါ်ထွက်လာတဲ့မိုးချုန်းသံ
    သာသာယာယာ ညကမ္ဘာကို ဖျက်စီး…။

    ဒီလိုပဲ…
    ဒီညမှာပဲ…
    ငါ့ဘဝရဲ့ ရင်ခုန်သံကို
    မင်းရဲ့အမုန်း ဝင်ပူးလိုက်တယ်

    by  - Comments: 0 - Views: 453
  • 20120615
    မျက်လုံးချင်းဆုံ
    ရင်ခုန်မိ
    မလုံမလဲ မျက်နှာလွှဲတော့
    အသည်းကတော့ ချစ်မိပြီ….။

    by  - Comments: 0 - Views: 462
  • 20120615
    ချစ်သူရယ်
    အပြစ်ယူတယ်ဆိုတာ မုန်းလို့ပါ
    လျစ်လျူရှုခံရအရှုံးမို့
    အမုန်းကိုပဲ ထွေးပိုက်ခဲ့တယ်…..။

    မေတ္တာနယ်တောမှာ တမာမလိုဘူး..။
    သစ္စာနဲ့ပြောတာ ညာတာမဟုတ်ဘူး..။
    ချစ်ပါတယ်ပြောတာ ကမ္ဘာမပြိုဘူး..။
    အဲဒီလိုပဲ ငါလဲ..
    ချစ်တယ်လို့ပြောတာ ပြန်ချစ်စရာမလိုဘူး….။

    တွယ်တာခဲ့ပါတယ်
    ကွယ်ရာကနေပဲ
    ချစ်ဖို့ဆုံးဖြတ်ခဲ့တယ်
    ရင်ခုန်သံတွေ ရပ်တဲ့အထိပေါ့…..။

    by  - Comments: 0 - Views: 427
  • 20120615
    မိန်းမတစ်ယောက်အတွက်
    အသက်ပေးတယ်ဆိုလို့
    နားမလည် ပါးမလည်
    ဟားတိုက်ရယ်ခဲ့ဖူးတယ်..။

    ချစ်လှပါပြီ ကြိုက်လှပါပြီ
    သူ့မှမရ သေရပါမည်ဆိုလို့
    ဘာမသိ ညာမသိ
    ရယ်မောမိခဲ့ဖူးတယ်..။

    ချစ်သူကပစ် စိတ်ကညစ်
    အရက်သောက်လို့ မှောက်တဲ့သူတွေ
    ဒီလောက်ဖြစ်မယ်မသိ
    ကြည့်ပြီး ဝေဖန်ခဲ့ဖူးတယ်…။

    အခုတော့ အဖြစ်က
    မချစ်တတ် ချစ်တတ်နဲ့
    ချစ်ခဲ့မိသူ တစ်ယောက်
    ဘယ်လောက်ချစ်မိလဲမသိ
    ရှိသမျှ အသက်
    မင်းအတွက်အကုန်ပေး
    မင်းကိုမှမရ
    သေတာမှ အေးမည်တွေး
    အရက်သောက်လို့မှောက်အိပ်
    မင်းပုံရိပ်ပဲမြင်နေသေး
    ဒီလိုအဖြစ်တွေကိုတွေးလို့
    အဝေးကပဲ...

    by  - Comments: 0 - Views: 569
  • 20120615
    သိဖူးကြားဖူးသောဆရာများမှ
    မသိဖူးမကြားဖူးသောဆရာများပါမကျန်
    ကျွန်တော့်ကို အမြင်နဲ့ သင်ပြခဲ့
    ဖတ်ရသမျှကဗျာတွေမှ
    အတတ်ပညာရခဲ့..။

    အခြေခံ ဝါသနာမှ
    ကဗျာတွေရေးတတ်တဲ့အထိ
    ရှိသမျှပညာ အကုန်ပြသခဲ့သော
    မြတ်သောဆရာတို့အား
    သင်ကြားခဲ့တဲ့ကျေးဇူးတော်ကို
    သားတပည့်ကျွန်တော်
    ဒီကဗျာလေးနဲ့ ပူဇော်ပါ၏..။




    (သက်ရှိထင်ရှား ဆရာများမှ ဘဝတစ်ပါး ကူးပြောင်းသွားသော ဆရာများအထိ ကြားသိနိုင်ပါစေ…။)

    by  - Comments: 0 - Views: 592
  • 20120615
    ကကွက်စုံစုံ အဖုံဖုံ
    အကုန်သိမ်းကျုံးထုတ်လို့
    လုပ်ဇာတ်တွေခင်း မင်းရဲ့
    မာယာပန်းခင်းအလယ်
    ငါ့ကိုပြုစားစေခဲ့တယ်…။

    ခေါ်လိုက်ပုံက ကိုကိုတစ်မျိုး
    မောင်တစ်မျိုး အမျိုးမျိုးပင်တတ်နိုင်ပေစွ
    ငါ့အချစ်ကို ယူသွား
    ကစားလို့ဝမှ မသာယာတော့ဘူးတဲ့လား
    မိန်းမများရဲ့မာယာ
    ဒါပဲနေမှာ လို့
    ငါတကယ်မတွေးခဲ့ဘူး…။

    ဒါတင်မကတဲ့အတတ်တွေ
    ဘယ်အတွက်ကြောင့်သင်ထားခဲ့တာလဲ
    ငါလို လူအကိုမှ
    မင်းကရက်စက်နိုင်လွန်းတယ်
    တယ်လဲ တတ်နိုင်ပေတယ်
    မင်းတို့မိန်းမတွေရယ်…။

    ဒီအချစ်မျိုးမှာ
    ကိုးကွယ်မိသူငါ
    ရှိပါစေတော့ ဒီတစ်ခါ
    နောက်များမှာတော့မကြုံရပါစေနှင့်

    by  - Comments: 0 - Views: 528
  • 20120615
    ယဉ်ယဉ်နွဲ့နွဲ့ သူ့ရဲ့ဟန်ပန်က
    ကဗျာဆန်သလိုလို
    မဟာဆန်သလိုလို
    ကျွန်တော့်ကို ဘယ်အချိန်ကများ
    ပြုစားလိုက်ပြီမသိ။
    ရင်ထဲမှာတော့…
    သူ့ပုံရိပ်တွေပဲ
    အမြဲရှိနေတတ်တယ်…။

    တစ်ခါတစ်ရံ…
    သူနဲ့တွေပြန်ရင်လည်း
    ကျွန်တော့်ရင်ထဲ သူပဲစိုးမိုးနေသလိုပဲ
    နှလုံးသားတွေပြိုလဲ စိတ်ထဲလည်းမဝံ့မရဲ
    သူ့ကိုပဲ ခိုးခိုးကြည်နေမိတယ်…။

    ခြေလှမ်းတိုင်းကို လှမ်းလျှောက်တိုင်း
    ဦးတည်မှုမရှိ ပဲ
    သူရှိရာဆီ ဦးတည်လို့အမြဲ
    သူဘယ်မှာရှိမလဲ မသိ
    သူ့ကိုပဲမျှော်နေမိ တယ်…။

    အိပ်ရာဝင်လို့ မျက်လုံးမှိတ်
    သိစိတ်မှာလဲ သူပဲ
    မသိစိတ်မှာလဲ သူပဲ
    အမြဲတစေ...

    by  - Comments: 0 - Views: 503
  • 20120615
    အမူအရာက ပင်
    လူတကာငေးရလောက်၏..။

    ပြောဟန်ဆိုဟန်မှာ
    တစ်ရာတွင် တစ်ယောက်သာရှိမည့် အထာ..။

    လျှောက်လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ
    တစ်ခါလှမ်း ပန်းတစ်ပွင့် ပွင့်သည်နှယ်..။

    သူနှုတ်ခမ်းတွေက စကားခြွေလိုက်ပုံက
    ကျွန်တော်ရဲ့နွေဘဝ ထဲ
    စကားချိုချို မိုးသည်းလိုက် သလိုပင်..။

    သူပြုံးလိုက်လျှင် ရွင်လာသောရွှေမျက်နှာမှာ
    စိန်သရဖီ မိုး သွန်းဖြိုးမည့် အသွင်..။

    သူစိတ်မှာအလိုမကျ ရှုံ့တွနေတဲ့သူ့မျက်နှာ
    ကျွန်တော့်ရင်မှာ မြင်ပါဘိတယ်
    သိရိကျက်သရေ နှင်ပြည့်ဝတဲ့
    အလှမျက်နှာ လိုပင်..။

    လှရက်နိုင်လွန်းသူကိုမှ
    ဘယ်လိုလူတွေက မနာလိုကြပါဘိတယ်

    by  - Comments: 0 - Views: 492
 
 

Users browsing this forum: None
Moderators

None

Permissions in this forum:

You cannot post new topics in this forum
You cannot reply to topics in this forum

Legend
  • New posts New posts
  • New posts [ Popular ] New posts [ Popular ]
  • New posts [ Locked ] New posts [ Locked ]
  • No new posts No new posts
  • No new posts [ Popular ] No new posts [ Popular ]
  • No new posts [ Locked ] No new posts [ Locked ]
  • Announcement Announcement
  • Sticky Sticky
  • Global announcement Global announcement